Connect with us

Hi, what are you looking for?

LuduNwayOo

News

နေ့စဥ်မပျက် ဆက်လက်ချီတ်နေတဲ့ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

ာ်လှန်ရေး ၁၄၈ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်’ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

ဓာတ်ပုံ - ပြည်သူ့မီဒီယာကွန်ယက်-မုံရွာ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းမှာ ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

‘တော်လှန်ရေး ၁၄၈ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်’ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၆ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ် ထွက်၍ နိုင်ငံတစ်ဝန်းဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၈၃ရက်ရှိပြီဖြစ်သည်။