Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်ကာကွယ်ဆေးလာထိုးသည့် ဟံသာ၀တီဦးဝင်းတင်ဖောင်ဒေးရှင်းအတွင်းရေးမှူးကို စစ်ကောင်စီဖမ်းဆီး

ဦးကျော်အောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် ဟံသာ၀တီဦးဝင်းတင်ဖောင်ဒေးရှင်း သည်လည်း နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ပုဇွန်တောင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုသို့ COVID-19 ရောဂါကာကွယ်ဆေးလာထိုးသည့် ဟံသာ ၀တီဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်အောင်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ဦးကျော်အောင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူဦးထွန်းကြည်က ပြောသည်။

ပုဇွန်တောင်မြို့နယ်တွင်နေထိုင်သည့် ဦးကျော်အောင်၏ မိသားစုထံသို့ ရပ်ကွက်တာဝန်ရှိသူက ကာကွယ်ဆေးထိုးပေးမည်ဟု ဆက်သွယ်လာသောကြောင့် ဦးကျော်အောင်က ဩဂုတ် ၄ရက်တွင် သွားရောက်ဆေးထိုးခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

“ထိုးပြီးတော့ ပြန်ထွက်လာတဲ့အချိန်မှာ ကားပေါ်လည်းထိုင်လည်းထိုင်ရော သူ့ကို ဖမ်းမဲ့အဖွဲ့ကလည်းအသင့်ပဲ” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။

ဦးကျော်အောင်၏ ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်းနှင်သွားပြီး ပုဇွန်တောင်ရဲစခန်းကို ခေါ်သွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အဓိက သူ့ကိုလိုချင်တာ။ ကာကွယ်ဆေးထိုးပေးချင်တဲ့ ဆန္ဒလည်းရှိပုံမရပါဘူး။ အဲဒီအတွက် မျှားပြီးတော့ သူ့ကို ထောက်ချောက်ထဲ သူ့ကို ထည့်လိုက်တာ။ ဒီလုပ်ရပ်အပေါ်မှာတော့ အလွန်တရာမှ အောက်တန်းကျတဲ့အလွန်တရာမှ ဆိုးယုတ်တဲ့လုပ်ရပ်လို့ ရှုမြင်တယ်။ ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်” ဟု ဦးထွန်းကြည်က ပြောသည်။

ဦးကျော်အောင်သည် ပုဇွန်တောင်မြို့နယ် ဒီချုပ်ပါတီဒုဥက္ကဋ္ဌ လည်းဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်းကို ၎င်း၏ Facebook စာမျက်နှာမှ စဉ်ဆက်မပြတ် ဖော်ပြလေ့ရှိသူဖြစ်သည်။

ဦးကျော်အောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် ဟံသာ၀တီဦးဝင်းတင်ဖောင်ဒေးရှင်း သည်လည်း နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ဆက်စပ်သတင်းများ