Connect with us

Hi, what are you looking for?

LuduNwayOo

News

လုံခြုံရေးတင်းကြပ်စွာစစ်ဆေးနေသည့် မတ္တရာမြို့အဝင်၌ လက်နက်များဖမ်းဆီးခံရမှုအပေါ် ​မေးခွန်းထုတ်မှုရှိ​နေ

ဖမ်းဆီးခံရသည့် လက်နက်များသယ်ဆောင်ရာတွင် အဓိက ဦးဆောင်သူ၏ အမည်ကိုလည်း ဒေသခံက ပြောကြားသော်လည်း လတ်တလောအခြေအနေများအရ လက်နယ်သယ်ဆောင်သူ၏ အမည်ဖော်ပြသွားမည်မဟုတ်ပေ။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ အဝင် ပန်းယျစစ်ဆေးရေးဂိတ်တွင် လက်နက်များဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သံသယဖြစ်စရာအခြေအနေများ တွေ့ရကြောင်း ဒေသခံစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

မတ္တရာမြို့အနီးတွင် ယနေ့ ဩဂုတ် ၈ရက်နံနက်က လက်နက်ငယ် ၆၀လက်နှင့် လက်ဗစ်ဗုံး ၈၀၊ အပါအဝင် လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့သည်ဟု အာဏာသိမ်းစစ်​ကောင်စီနှင့်နီးစပ်​သော မီဒီယာများအပါအဝင်မီဒီယာအချို့၌ သတင်း​ဖော်ပြသည်။

“အဖမ်းခံရပြီဆိုတဲ့ သတင်းကို ရရခြင်း ပထမက ကျွန်တော်တို့က မယုံဘူး။ နောက် လိုက်ရင်းနဲ့ သတင်းက အတည်ဖြစ်နေတယ်။အခုငှားလာတဲ့ ထော်လာဂျီသမားက တောင်တံငါရွာက ပုဇင်းခေါင်း ထော်လာဂျီကို ငှားတယ်တဲ့ ၊ တမလန်းတွေ တင်ဖို့ဆိုပြီးငှားတာ အဲဒီလို သိရတယ်။ ငှားပြီး အဲဒီဟာတွေကို သယ်တယ်လို့သိရတယ်။ဒါက ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှ လိုက်စုံစမ်းမှ သိရတာ” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပြတ်ပါဝင်နေသည့် ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးသည် အငှားလိုက်လာသူများသာဖြစ်ပြီး မည်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ မဟုတ်ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် လက်နက်များသယ်ဆောင်ရာတွင် အဓိက ဦးဆောင်သူ၏ အမည်ကိုလည်း ဒေသခံက ပြောကြားသော်လည်း လတ်တလောအခြေအနေများအရ လက်နယ်သယ်ဆောင်သူ၏ အမည်ဖော်ပြသွားမည်မဟုတ်ပေ။

မတ္တရာမြို့အဝင်တွင် စစ်ဆေးမှုများ တင်းကြပ်နေအချိန်၊ မတ္တရာမြို့ကို ဖြတ်သန်းရန် အခြားလမ်း ကြောင်းများ ရှိနေသည့် အချိန်တွင် မြို့ထဲသို့ အရဲကိုး ဝင်ရောက်ခဲ့ပြီး လက်နက်များအလွယ်တကူ ဖမ်းဆီးခံရမှုမှာ စဉ်းစားစရာဖြစ်ကြောင်း ၎င်း ကဆိုသည်။ ထို့ပြင် ၈လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် နေမျိုးတွင် ယခုကဲ့သို့ လက်နက်များ ဖမ်းဆီးခံရခြင်း သတင်းအပေါ် ပြည်သူများ စိတ်ပျက်အားလျော့ စေရန် အစီအစဉ်ကျကျ လုပ်ဆောင်သည်ဟုပင် ယူဆကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“ဖန်တီးလိုက်တာကမတော်တဆပုံစံ။ ကျွန်တော်ထင်တာတော့ ထိုးအပ်လိုက်တာထင်တယ်။ ရှိသလောက်ကို ရသလောက်စွဲထုတ်ပြီးတော့ ထိုးအပ်လိုက်တယ်လို့ထင်တယ်။

ဒီလိုနေ့မျိုးမှာ ဒီလိုဖြစ်အောင် တမင်တကာ အကွက်ချပြီး လုပ်လိုက်တယ်လို့ထင်တာ” ဟု ၎င်းက ဆိုသည်။ လက်နက်သယ်ရာတွင် အဓိက တာဝန်ရှိသူသည် ဖမ်းဆီးခံရမှုမရှိဟု လည်း သူက ပြောသည်။

ဇွန်လအတွင်းက မန္တလေး PDF ခေါင်းဆောင် ထွန်းတောက်နိုင် လုပ်ဆောင်သည့် ပုံစံကဲ့သို့ စစ်အုပ်စုအပေါင်းအပါအဖြစ် ပူးပေါင်းသွားခြင်းဖြစ်နိုင်သည်ဟု ၄င်းက ဆိုသည်။ ဇွန်လ ၂၂ရက်က မန္တလေးမြို့ပေါ် အခြေချထားသည့် PDF တပ်များကို ဝင်ရောက်စီးနင်းပြီးနောက် သပိတ်ကျင်းမြို့နယ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးခံခဲ့ရသည်။

“မနက် ၈နာရီက ဖြစ်တဲ့ဖြစ်စဉ်ကြောင့်မို့လို့ နောက်ဆက်တွဲဂယက်က မတ္တရာအရှေ့ပိုင်းနယ်ထဲကို စစ်ကားတွေ ဝင်လာနေတယ်။ အရင်ရက်က တပ်စွဲခဲ့ဖူးတဲ့ မတ္တရာမြို့နယ် အုန်းလက်ကျေးရွာ ကို တက်သွားတယ်။ တက်သွားပြီး အုန်းလက်ကျေးရွာအထက်ဘက်ကို စစ်ကားတွေခေါ်ပြီးတက်သွားတယ်လို့ကြားတယ်။ပန်းယျဂိတ်မှာ လက်နက်တွေ ဖမ်းမိတယ်ဆိုတဲ့ ဟာရဲ့နောက်ဆက်တွဲ ဒီဘက်ကို ဝင်ပြီး မွှေတာပေါ့” ဟု မတ္တရာဒေသခံက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။