Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ယာဉ်တန်းကို SNA မိုင်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၂ဦးသေ

ထိခိုက်မှုကတော့ သူတို့ ဘက်က ၂ယောက်ကျတယ်လို့ သတင်းရတယ်။ ၅ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ SNA ဘက်ကတော့ ထိခိုက်တာမရှိဘူး” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအုပ်စုအနီးတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောကြားသည်။

ယနေ့ ဩဂုတ် ၈ရက် မွန်းလွဲပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း စစ်ကောင်စီတပ်ကို SNAက ဒုတိယ အကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်ဟုဆိုသည်။

“ထိခိုက်မှုကတော့ သူတို့ ဘက်က ၂ယောက်ကျတယ်လို့ သတင်းရတယ်။ ၅ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ SNA ဘက်ကတော့ ထိခိုက်တာမရှိဘူး” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

SNAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်နှင့် ဇွန်လအတွင်းကလည်း တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

SNAသည် ဟုမ္မလင်း အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစပ်ရှိ မြို့နယ်များတွင် စစ်ရေးလှုပ်ရှားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။