Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ယာဉ်တန်းကို SNA မိုင်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၂ဦးသေ

ထိခိုက်မှုကတော့ သူတို့ ဘက်က ၂ယောက်ကျတယ်လို့ သတင်းရတယ်။ ၅ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ SNA ဘက်ကတော့ ထိခိုက်တာမရှိဘူး” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအုပ်စုအနီးတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောကြားသည်။

ယနေ့ ဩဂုတ် ၈ရက် မွန်းလွဲပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း စစ်ကောင်စီတပ်ကို SNAက ဒုတိယ အကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်ဟုဆိုသည်။

“ထိခိုက်မှုကတော့ သူတို့ ဘက်က ၂ယောက်ကျတယ်လို့ သတင်းရတယ်။ ၅ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ SNA ဘက်ကတော့ ထိခိုက်တာမရှိဘူး” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

SNAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်နှင့် ဇွန်လအတွင်းကလည်း တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

SNAသည် ဟုမ္မလင်း အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစပ်ရှိ မြို့နယ်များတွင် စစ်ရေးလှုပ်ရှားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။