Connect with us

Hi, what are you looking for?

News

မန္တ​လေးနန်း​ရှေ့ စစ်​ကောင်စီတပ်စွဲထား​သောရပ်ကွက်ရုံးနှင့် အမှတ်(၁)ရဲစခန်းကြားဗုံးကွဲ

ယနေ့ (သြဂုတ်၉ ရက်) မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်သံများလ​ည်း ကြားလိုက်ရကြောင်း နန်းရှေ့ဒေသခံအချို့က ပြောသည်။

မန္တလေးမြို့ နန်းရှေ့ ၁၉လမ်း၊ လမ်း ၆၀နှင့် ၆၁လမ်း ကြားရှိ စစ်ကောင်စီတပ်များတပ်စွဲထားသော ရပ်ကွက်ရုံးနှင့် အမှတ် ၁ ရဲစခန်းကြားတွင် ယနေ့နေ့လယ်က ဗုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (သြဂုတ်၉ ရက်) မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်သံများလ​ည်း ကြားလိုက်ရကြောင်း နန်းရှေ့ဒေသခံအချို့က ပြောသည်။ ဗုံး​ပေါက်ကွဲမှု​ကြောင့် ​သေဆုံး ဒဏ်ရာရရှိမှု အ​ခြေအ​နေကို မသိရ​သေးပါ။

နန်းရှေ့ ၁၉လမ်းအား ယာယီပိတ်ထားလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းအကွယ်များတွင် အောင်းကာ စောင့်ကြည့်နေကြောင်း ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook