Connect with us

Hi, what are you looking for?

News

မြန်မာခရီးစဉ်မှာ ပါတီအားလုံးနဲ့အပြည့်အ၀တွေ့ဆုံခွင့်ပေးဖို့ အထူးကိုယ်စားလှယ်ပြော

အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရသူ ဘရူနိုင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး Erywan Yusof ဟာ သူ့ရဲ့ရာထူး တာဝန်နဲ့ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ခရီးစဉ် ဘယ်တော့စတင်မလဲဆိုတာ ရက်အတိအကျမသိရသေးပါဘူး။

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာပါတီအားလုံးနဲ့အပြည့်အ၀တွေ့ဆုံခွင့်ပေးသင့်တယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောကြားပါတယ်။

အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရသူ ဘရူနိုင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး Erywan Yusof ဟာ သူ့ရဲ့ရာထူး တာဝန်နဲ့ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ခရီးစဉ် ဘယ်တော့စတင်မလဲဆိုတာ ရက်အတိအကျမသိရသေးပါဘူး။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အကြမ်းဖက်မှုရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ကြားဝင်စေ့စပ်ရေး စတာတွေ အပေါ် ထိရောက်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အထူးကိုယ်စားလှယ်က ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ တစ် ချိန်တည်းမှာ သူဟာ ပါတီအားလုံးနဲ့ အပြည့်အ၀တွေ့ဆုံခွင့်ပေးရေးကို အလေးထားပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းမှာ Erywan Yusof ဟာ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့အတူ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဧပြီလတုန်းက အာဆီယံခေါင်းဆောင်တွေ သဘောတူဆုံးဖြတ်ချက်တွေကို စော လျင်စွာ အကောင်အထည်ဖော်ရေးကတစ်ဆင့် ငြိမ်းချမ်းစွာအဖြေရှာဖို့ မြန်မာကို ကူညီနိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး နိုင်ငံအတွင်းရှိ ဘက်ပေါင်းစုံအကြား အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေး ရေးအတွက် အခြေအနေကောင်းတွေဖန်တီးပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကိစ္စရပ်တွေ ဆွေး နွေးခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူဆုံးဖြတ်ချက် ၅ ရပ် ချမှတ်အပြီး ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှ ၅ ရပ်ထဲက တစ်ရပ်ဖြစ်တဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကို လုပ်ဆောင်နိုင်ခဲ့မှုကို ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်အပါ အဝင် နိုင်ငံအများအပြားက အပြုသဘောဆောင်ကြိုဆိုကြပေမယ့် ခန့်အပ်လိုက်တဲ့အထူးကိုယ်စားလှယ်က မြန်မာ့အရေးကို ထိရောက်စွာဖြေရှင်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်နေတဲ့ လေ့လာသူတွေလည်း ရှိနေပါတယ်။

ကိုးကား – Vietnam Plus

ဆက်စပ်သတင်းများ

သတင်း

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်းရေးအတွက် ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ မြန်မာတွေက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှု ပြုလုပ်နေကြပါတယ်။

သတင်း

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခဟာ မြန်မာ့ ရှိရင်းစွဲ အကျပ်အတည်းတွေကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်းမြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးသွားပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဘယ်လို ချဉ်းကပ် ပြောဆို ကိုင်တွယ်သင့်သလဲ ဆိုတာကို ရုရှားဆီ လျှို့ဝှက် အကြံပေးခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ကို ထုတ်ပယ်ဖို့ အောက်လွှတ်တော် အမတ်တချို့က တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဖရန်ဆက်စကာ အယ်လန်ဘန်နိစ်ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာလိုက်ပါတယ်။

Facebook