Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ကအာဏာသိမ်းပြီး​ခြောက်လအတွင်း ဒေါ်လာ​စျေး ၁၇၀၃ကျပ်အထိမြင့်တက်လာ

​စစ်တပ်အာဏာမသိမ်းခင်က ဒေါ်လာ​ဈေးသည် တစ်​ဒေါ်လာ လျှင် ၁၄၂၀ကျပ်သာရှိပြီး ၆လ​ကျော်အတွင်း ကျပ်၂၈၃မြင့်တက်လာခြင်း ဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီး ​ခြောက်လ​ကျော်အတွင်း အ​မေရိကန်တစ်​ဒေါ်လာကို ၁၇၀၃ကျပ်အထိမြင့်တက်လာ​ကြောင်း ​ငွေလဲလုပ်ငန်းလုပ်ကိုင်​နေသူများက​ ပြော သည်။

​စစ်တပ်အာဏာမသိမ်းခင်က ဒေါ်လာ​ဈေးသည် တစ်​ဒေါ်လာ လျှင် ၁၄၂၀ကျပ်သာရှိပြီး ၆လ​ကျော်အတွင်း ကျပ်၂၈၃မြင့်တက်လာခြင်း ဖြစ်သည်။

“အခု​တော့ ​ဒေါ်လာ အဝယ်လိုက်​နေတယ်။ ​​ရောင်းသူ​တောင် ရှား​နေတယ်”ဟု ​ငွေလဲ​ကောင်တာပိုင်ရှင်တစ်ဦးက​ ပြောသည်။

​ဒေါ်လာ​ဈေးကျဆင်းရန် စစ်​ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ​ဒေါ်လာ​များကို ၁၆၄၀ကျပ်ဖြင့် ထုတ်​ရောင်း​နေ​သော်လည်း ​ဈေးကွက်အတွင်း မ​ရောက်ရှိ​ကြောင်း ​ငွေ​ကြေးလဲလှယ်သူများက​ပြော သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်း​ဒေါ်လာ​ဈေးသည် ၂၀၁၆တွင် တစ်​ဒေါ်လာကို ၁၆၄၀ကျပ်ဖြင့်အမြင့်ဆုံး​ရောက်ခဲ့ဖူးသည်။ယခု​ဈေးနှုန်းသည် ပြည်တွင်း​ဈေးကွက်အတွင်း အမြင့်ဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။