Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်ရေးအစိုးရက ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပို့

ယနေ့ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာ နည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ခေါင်းဆောင်များ ကျဆုံးခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်သော ကချင်အာဇာနည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သဝဏ်လွှာပေးပို့ခဲ့သည်။

KIO/KIAကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင် အမျိုးသား ခေါင်းဆောင်များ ကျဆုံးခဲ့သည့် ဩဂုတ် ၁၀ရက်ရောက်တိုင်း ကချင်အာဇာနည်နေ့အဖြစ် ကျင်းပခဲ့သည်။

ယနေ့ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာ နည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကချင်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေဟု သဝဏ်လွှာ၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း KIO/KIA ၏ ရည်မှတ်းချက်များဖြစ်သော အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေးကို အကောင်အထည်ဖော် နိုင်ရန်အတွက် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် ၎င်း၏ ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ထည့်သွင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ကချင်ဘာသာဖြင့် ဖတ်ပြခဲ့ခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။