Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်ရေးအစိုးရက ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပို့

ယနေ့ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာ နည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ခေါင်းဆောင်များ ကျဆုံးခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်သော ကချင်အာဇာနည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သဝဏ်လွှာပေးပို့ခဲ့သည်။

KIO/KIAကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင် အမျိုးသား ခေါင်းဆောင်များ ကျဆုံးခဲ့သည့် ဩဂုတ် ၁၀ရက်ရောက်တိုင်း ကချင်အာဇာနည်နေ့အဖြစ် ကျင်းပခဲ့သည်။

ယနေ့ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာ နည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကချင်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေဟု သဝဏ်လွှာ၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း KIO/KIA ၏ ရည်မှတ်းချက်များဖြစ်သော အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေးကို အကောင်အထည်ဖော် နိုင်ရန်အတွက် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် ၎င်း၏ ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ထည့်သွင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ကချင်ဘာသာဖြင့် ဖတ်ပြခဲ့ခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် လုံး၀ပျက်စီးသွားတာမျိုးမရှိဘဲ ဆက်လက်ထွက်ခွာသွားကြောင်း KIAနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖေဖော်ဝါရီအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒဏ်ရာရတပ်ရင်းမှူးကို လာကယ်စဉ် တိုက်ခိုက်ခံရဟု သတင်းရင်းမြစ်ပြော

Facebook