Connect with us

Hi, what are you looking for?

News

အာဏာကိုခိုင်မာစွာဆုပ်ကိုင်ဖို့ စစ်ခေါင်းဆောင်တွေ စိတ်ပိုင်းဖြတ်ထားပုံပေါ်တယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန် မာ့အရေးနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံအခြေအနေဟာ ကိုဗစ်-၁၉ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားမှုနဲ့အတူ အလွန်သောကရောက်နေဆဲဖြစ် တယ်လို့ ပြောဆိုပါတယ်။

အာဏာသိမ်းပြီး ​ခြောက်လအကြာမှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ရဲ့ အုပ်ချုပ်မှု ပိုမိုခိုင်မာ စေဖို့ လုပ်ဆောင်နေပုံပေါ်တယ်လို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်က မနေ့က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန် မာ့အရေးနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံအခြေအနေဟာ ကိုဗစ်-၁၉ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားမှုနဲ့အတူ အလွန်သောကရောက်နေဆဲဖြစ် တယ်လို့ ပြောဆိုပါတယ်။

“ကျွန်မအမြင်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ နောက်ဆုံးဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရကြေညာချက်၊ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းနဲ့ ဝန်ကြီးချုပ်အဖြစ် ကြေညာခြင်းတွေနဲ့အတူ အာဏာကို ခိုင်မာစွာဆုပ်ကိုင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပါပဲ” လို့ အထူးကိုယ်စားလှယ် Christine Shraner Burgener က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLD ပါတီကို မကြာခင်မှာ ဖျက်သိမ်းလိုက်မှာကို စိုးရိမ်ကြောင်းနဲ့ နိုင်ငံတကာကအရေးယူဆောင်ရွက်မှုမရှိဘူးဆိုရင် တရားဝင်မှုရရှိ ဖို့ တိုးမြှင့်ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေက ဘယ်ဆုံးဖြတ်ချက်ကို မချမှတ်သေးသရွေ့ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ တရားဝင် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်ဆက်ရှိနေမယ်လို့ သူမက ဆက်ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က နိုင်ငံ့ခေါင်းဆောင်တွေဖြစ်နေဆဲလို့ အထူး ကိုယ်စားလှယ်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေဟာ အလွန်ခက်ခဲနေဆဲဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်မရှိဘူးလို့ သူမက အစီရင်ခံပါတယ်။ နောက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် တိုက်ခိုက်ခံနေရတဲ့ အပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ဆက်ပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ စစ်တပ်နဲ့ဆွေးနွေးတိုင်းမှာ မီဒီယာသမားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့အမြဲတိုက်တွန်းခဲ့တယ်လို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တစ်ချိန်တည်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်မှုတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ Christine Shraner Burgener ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုဘေး အဆိုးကြုံနေရတဲ့အဆင့် ၆ နိုင်ငံဖြစ်​နေပြီး နိုင်ငံတကာအစိုးရ​တွေကမြန်မာပြည်သူတွေကို ဆက်လက်အားပေးထောက်ခံဖို့တိုက်တွန်း