Connect with us

Hi, what are you looking for?

News

အာဏာကိုခိုင်မာစွာဆုပ်ကိုင်ဖို့ စစ်ခေါင်းဆောင်တွေ စိတ်ပိုင်းဖြတ်ထားပုံပေါ်တယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန် မာ့အရေးနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံအခြေအနေဟာ ကိုဗစ်-၁၉ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားမှုနဲ့အတူ အလွန်သောကရောက်နေဆဲဖြစ် တယ်လို့ ပြောဆိုပါတယ်။

အာဏာသိမ်းပြီး ​ခြောက်လအကြာမှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ရဲ့ အုပ်ချုပ်မှု ပိုမိုခိုင်မာ စေဖို့ လုပ်ဆောင်နေပုံပေါ်တယ်လို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်က မနေ့က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန် မာ့အရေးနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံအခြေအနေဟာ ကိုဗစ်-၁၉ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားမှုနဲ့အတူ အလွန်သောကရောက်နေဆဲဖြစ် တယ်လို့ ပြောဆိုပါတယ်။

“ကျွန်မအမြင်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ နောက်ဆုံးဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရကြေညာချက်၊ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းနဲ့ ဝန်ကြီးချုပ်အဖြစ် ကြေညာခြင်းတွေနဲ့အတူ အာဏာကို ခိုင်မာစွာဆုပ်ကိုင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပါပဲ” လို့ အထူးကိုယ်စားလှယ် Christine Shraner Burgener က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLD ပါတီကို မကြာခင်မှာ ဖျက်သိမ်းလိုက်မှာကို စိုးရိမ်ကြောင်းနဲ့ နိုင်ငံတကာကအရေးယူဆောင်ရွက်မှုမရှိဘူးဆိုရင် တရားဝင်မှုရရှိ ဖို့ တိုးမြှင့်ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေက ဘယ်ဆုံးဖြတ်ချက်ကို မချမှတ်သေးသရွေ့ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ တရားဝင် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်ဆက်ရှိနေမယ်လို့ သူမက ဆက်ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က နိုင်ငံ့ခေါင်းဆောင်တွေဖြစ်နေဆဲလို့ အထူး ကိုယ်စားလှယ်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေဟာ အလွန်ခက်ခဲနေဆဲဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်မရှိဘူးလို့ သူမက အစီရင်ခံပါတယ်။ နောက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် တိုက်ခိုက်ခံနေရတဲ့ အပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ဆက်ပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ စစ်တပ်နဲ့ဆွေးနွေးတိုင်းမှာ မီဒီယာသမားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့အမြဲတိုက်တွန်းခဲ့တယ်လို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တစ်ချိန်တည်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်မှုတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ Christine Shraner Burgener ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းအချို့ ဝင်ရောက်စီးနင်းသယောင် ဟန်ပြလုပ်ဆောင်မှုကို ကြည့်ပြီး စစ်တပ် လှည့်ကွက်ထဲ မဝင်မိစေဖို့ သတိပေး

သတင်း

မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာမဟုတ်ဘူးလို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားဝန်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းခဲ့တာ မဟုတ်ဘဲ အာဏာထိန်းခဲ့တာသာ ဖြစ်တယ်လို့ မာဒါဂါစကာ စစ်တပ်ရဲ့ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြား ချက်နဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့က တောင်ငူကေတုမတီမြို့ဟောင်းပြန်လည်တူးဖော်ရေးလုပ်ကိုင်ဖို့ အဆင့်ဆင့်ညွှန်ကြားလာတာဟာ နောက်ကွယ်မှာ အကျိုးစီးပွားအတွက် တွန်းအားပေးနေတာမျိုးတွေ ရှိနေနိုင်တယ်လို့ ​ဒေသခံ​တွေကြားသုံးသတ်မှုတွေ ရှိနေပါတယ်။