Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဘုတလင်မြို့တွင် ဘုန်းကြီး​ကျောင်းပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ဘုတလင်မြို့တွင် စစ်ကောင်စီတပ်များသည် ဘုန်းကြီးကျောင်းအတွင်း ညအိပ်တပ်စွဲပြီးနောက် ကျောင်းပိုင်ပစ္စည်းများအား မီးရှိူ့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ - KSM

စစ်ကောင်စီတပ်များသည် သြဂုတ် ၁၆ ရက်ညက ဘုတလင်မြို့ရှိ ကျောက်ပုံတော ဘုန်းကြီးကျောင်း၌ ဆရာတော်၏ ခွင့်ပြုချက်မရဘဲ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယနေ့(သြဂုတ်၁၇ ရက်)နံနက်ပိုင်း၌ ကျောင်းတွင်းမွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းပိုင် ကြိုးဆွဲမီးစက်ကြီးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ယနေ့နံနက်တွင် ကျောက်ပုံတောဘုန်းကြီးကျောင်းမှထွက်ခွာခဲ့ပြီး တော်ဦးဘရွာ၊ ထနောင်းပကားရွာများသို့ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်သားအင်အား တစ်ရာနီးပါးခန့်ရှိကြောင်း ဒေသခံများက ပြောသည်။

ကျောက်ပုံတောဘုန်းကြီးကျောင်းသည် ဘုတလင်မြို့နယ် ဝက်ရဲကျေးရွာတောင်ဘက်တွင် တည်ရှိပြီး တောရကျောင်းတစ်ကျောင်းဖြစ်ကာ သီတင်းသုံးကျောင်းထိုင် ဆရာတော်တစ်ပါးသာရှိကြောင်း ၎င်းဆရာတော်ကြီးလည်း ဘေးလွတ်ရာရှောင်တိမ်းနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။