Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံ ပါလီမန်ညီလာခံကို စစ်ကောင်စီ ရဲ့ကိုယ်စားလှယ် တက်ရောက်ခွင့်ပြုလို့ CRPH ရှုတ်ချ

ာဆီယံ လွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော်အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ ပါလီမန် ညီလာခံ (AIPA) ရဲ့ ၄၂ ကြိမ်မြောက် အစည်းအဝေးကို ဘရူနိုင်း နိုင်ငံမှာ ဒီနေ့သြဂုတ်လ ၂၂ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ ကျင်းပမှာပါ။

အာဆီယံ ပါလီမန်ညီလာခံကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ကို သာတက်ရောက်ခွင့်ပြုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို တက်ခွင့်မပြုတဲ့အပေါ် CRPH က ပြင်းပြင်းထန်ထန်ရှုတ်ချ လိုက်ပါတယ်။

အာဆီယံ လွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော်အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ ပါလီမန် ညီလာခံ (AIPA) ရဲ့ ၄၂ ကြိမ်မြောက် အစည်းအဝေးကို ဘရူနိုင်း နိုင်ငံမှာ ဒီနေ့သြဂုတ်လ ၂၂ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ ကျင်းပမှာပါ။

ဒီညီလာခံကို တက်ရောက်ဖို့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တေ်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPH က ဦးအောင်ကြည်ညွန့်၊ ဒေါ်မြတ်သီတာထွန်းနဲ့ဦးစည်သူမောင်တို့ တက်ရောက်ဖို့စာရင်းတင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆီယံပါလီမန်ညီလာခံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း ဥပဒေပြုကောင်စီ ဥက္ကဋ္ဌ က ဒီကိုယ်စားလှယ်အဖွဲ့ ရဲ့ အမည်စာရင်း တင်သွင်းမှုကို လွှတ်တော်ဆိုင်ရာ ယဉ်ကျေးမှုနဲ့အညီပြန်ကြားခဲ့တာမရှိဘူးလို့ CRPH က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အကြောင်းမပြန်ကြားတဲ့လုပ်ရပ်ဟာ အာဆီယံ လွှတ်တော် အသိုက်အဝန်း ကို ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ၊ ကိုယ်စားပြုမှု မရှိနိုင်တဲ့လမ်းစဉ်တစ်ခုကို ဦးတည်စေတယ်လို့လည်း CRPH က ပြောထားပါတယ်။

ဒီထက်ဆိုးရွားတာကတော့ ရွေးကောက်ခံမဟုတ်ဘဲ ကိုယ်စားပြုမှုမရှိတဲ့ အာဏာသိမ်းစစ်တပ်က ပုဂ္ဂိုလ်တစ်ဦးကို လေ့လာသူအဖြစ် တက်ရောက်ဖို့ အတည်ပြု ခဲ့တာဖြစ်တယ်လို့ CRPH ရဲ့ ရှုတ်ချစာမှာ ပါရှိပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကိုရွေးချယ်တာ ၊လိုက်နာရမယ့်နိုင်ငံရေး စည်းမျဉ်းကို ကျော်လွန်ပြီး နိုင်ငံရေးသတ္တိကြောင်မှုကို ရွေးချယ်ခဲ့ခြင်းသာဖြစ်တယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

ဒါတွေဟာနားလည်မှု တစ်စုံတစ်ရာလွဲချော်ခဲ့ခြင်းဖြစ်ရင် အလျင်အမြန်ရှင်းလင်းဖို့လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အစည်းအဝေးကို အလေးထားပြီးတက်ရောက်ဖို့ အဆင့်သင့်ရှိတဲ့အကြောင်း CRPH က ပြောပါတယ်။

အာဆီယံပါလီမန်ညီလာခံ ကိုနှစ်စဉ် အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျ ကျင်းပတာဖြစ်ပြီး ည အဖွဲ့ဝင်လွှတ်တော် တွေ ကြား စည်းလုံးညီညွှတ်မှု ၊နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုတိုးမြှင့်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။