Connect with us

Hi, what are you looking for?

News

အာဆီယံ ပါလီမန်ညီလာခံကို စစ်ကောင်စီ ရဲ့ကိုယ်စားလှယ် တက်ရောက်ခွင့်ပြုလို့ CRPH ရှုတ်ချ

ာဆီယံ လွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော်အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ ပါလီမန် ညီလာခံ (AIPA) ရဲ့ ၄၂ ကြိမ်မြောက် အစည်းအဝေးကို ဘရူနိုင်း နိုင်ငံမှာ ဒီနေ့သြဂုတ်လ ၂၂ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ ကျင်းပမှာပါ။

အာဆီယံ ပါလီမန်ညီလာခံကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ကို သာတက်ရောက်ခွင့်ပြုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို တက်ခွင့်မပြုတဲ့အပေါ် CRPH က ပြင်းပြင်းထန်ထန်ရှုတ်ချ လိုက်ပါတယ်။

အာဆီယံ လွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော်အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ ပါလီမန် ညီလာခံ (AIPA) ရဲ့ ၄၂ ကြိမ်မြောက် အစည်းအဝေးကို ဘရူနိုင်း နိုင်ငံမှာ ဒီနေ့သြဂုတ်လ ၂၂ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ ကျင်းပမှာပါ။

ဒီညီလာခံကို တက်ရောက်ဖို့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တေ်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPH က ဦးအောင်ကြည်ညွန့်၊ ဒေါ်မြတ်သီတာထွန်းနဲ့ဦးစည်သူမောင်တို့ တက်ရောက်ဖို့စာရင်းတင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆီယံပါလီမန်ညီလာခံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း ဥပဒေပြုကောင်စီ ဥက္ကဋ္ဌ က ဒီကိုယ်စားလှယ်အဖွဲ့ ရဲ့ အမည်စာရင်း တင်သွင်းမှုကို လွှတ်တော်ဆိုင်ရာ ယဉ်ကျေးမှုနဲ့အညီပြန်ကြားခဲ့တာမရှိဘူးလို့ CRPH က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အကြောင်းမပြန်ကြားတဲ့လုပ်ရပ်ဟာ အာဆီယံ လွှတ်တော် အသိုက်အဝန်း ကို ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ၊ ကိုယ်စားပြုမှု မရှိနိုင်တဲ့လမ်းစဉ်တစ်ခုကို ဦးတည်စေတယ်လို့လည်း CRPH က ပြောထားပါတယ်။

ဒီထက်ဆိုးရွားတာကတော့ ရွေးကောက်ခံမဟုတ်ဘဲ ကိုယ်စားပြုမှုမရှိတဲ့ အာဏာသိမ်းစစ်တပ်က ပုဂ္ဂိုလ်တစ်ဦးကို လေ့လာသူအဖြစ် တက်ရောက်ဖို့ အတည်ပြု ခဲ့တာဖြစ်တယ်လို့ CRPH ရဲ့ ရှုတ်ချစာမှာ ပါရှိပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကိုရွေးချယ်တာ ၊လိုက်နာရမယ့်နိုင်ငံရေး စည်းမျဉ်းကို ကျော်လွန်ပြီး နိုင်ငံရေးသတ္တိကြောင်မှုကို ရွေးချယ်ခဲ့ခြင်းသာဖြစ်တယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

ဒါတွေဟာနားလည်မှု တစ်စုံတစ်ရာလွဲချော်ခဲ့ခြင်းဖြစ်ရင် အလျင်အမြန်ရှင်းလင်းဖို့လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အစည်းအဝေးကို အလေးထားပြီးတက်ရောက်ဖို့ အဆင့်သင့်ရှိတဲ့အကြောင်း CRPH က ပြောပါတယ်။

အာဆီယံပါလီမန်ညီလာခံ ကိုနှစ်စဉ် အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျ ကျင်းပတာဖြစ်ပြီး ည အဖွဲ့ဝင်လွှတ်တော် တွေ ကြား စည်းလုံးညီညွှတ်မှု ၊နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုတိုးမြှင့်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook