Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို စစ်ကောင်စီ ဖမ်းဆီး

အသက် ၃၈ နှစ်အရွယ် ဒေါ်ခင်မြတ်သူဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာလည်း ဖမ်းဆီးခြင်းခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူ ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က ဖေ့ဘွတ်ခ်က တဆင့်အသိပေးထားပါတယ်။

အသက် ၃၈ နှစ်အရွယ် ဒေါ်ခင်မြတ်သူဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာလည်း ဖမ်းဆီးခြင်းခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

အဲဒီလိုဖမ်းဆီးခံရတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ လွတ်မြောက်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ဖမ်းဆီး တာတဲ့အပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကြောင့်ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်ရဲ့ရေးသားချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ဒေါ်ခင်မြတ်သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ခဲ့ရာမှာအနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။