Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်တွေတပ်စွဲတဲ့ အထည်ချုပ်စက်ရုံကို အဝေးထိန်းဗုံးနဲ့တိုက်ခိုက်စစ်ကောင်စီတပ် ၂ ဦးဒဏ်ရာပြင်းထန်

အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ပေမယ့် လှိုင်သာယာ မြို့ပြ ပျောက်ကျားအဖွဲ့ကိုထိခိုက်မှု မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့လည်း ဆိုပါတယ်။

သမိုင်းမြို့သစ်မှာ မနေ့ကမနက်က အကြမ်းဖက်စီးနင်းမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ည ၁၀ နာရီမှာ လှိုင်သာယာမြို့နယ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပျောက်ကျားအဖွဲ့ (CGF HTY)က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် တာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ပေမယ့် လှိုင်သာယာ မြို့ပြ ပျောက်ကျားအဖွဲ့ကိုထိခိုက်မှု မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့လည်း ဆိုပါတယ်။

” ဖေါက်ခွဲ တိုက်ခိုက်မှု့သည် မနက်က ဖြစ်ပွားခဲ့သော သမိုင်းမြို့သစ် အကြမ်းဖတ် ပစ်ခတ်မှု့အတွက် တုန့်ပြန်မှု့ တခု ဖြစ်သည်။ ဘယ်သူထိထိ CGF HTY ကို ထိသည်။နောက်နောင်တွင်လည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်” လို့CGF HTY ရဲ့သတင်းပြန်ကြားရေးကထုတ်ပြန်ခဲ့ပါတယ်။

မနက်က သမိုင်းမြို့သစ်မှာ ရှိတဲ့ အဆောက်အအုံတစ်ခုကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ စီးနင်းမှုအတွင်းမှာ လူငယ်နှစ်ဦး သေဆုံးသွားသလို ၊ လူငယ်နှစ်ဦး စစ်ကောင်စီတပ်ကဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေပြည်သူအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook