Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်တွေတပ်စွဲတဲ့ အထည်ချုပ်စက်ရုံကို အဝေးထိန်းဗုံးနဲ့တိုက်ခိုက်စစ်ကောင်စီတပ် ၂ ဦးဒဏ်ရာပြင်းထန်

အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ပေမယ့် လှိုင်သာယာ မြို့ပြ ပျောက်ကျားအဖွဲ့ကိုထိခိုက်မှု မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့လည်း ဆိုပါတယ်။

သမိုင်းမြို့သစ်မှာ မနေ့ကမနက်က အကြမ်းဖက်စီးနင်းမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ည ၁၀ နာရီမှာ လှိုင်သာယာမြို့နယ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပျောက်ကျားအဖွဲ့ (CGF HTY)က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် တာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ပေမယ့် လှိုင်သာယာ မြို့ပြ ပျောက်ကျားအဖွဲ့ကိုထိခိုက်မှု မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့လည်း ဆိုပါတယ်။

” ဖေါက်ခွဲ တိုက်ခိုက်မှု့သည် မနက်က ဖြစ်ပွားခဲ့သော သမိုင်းမြို့သစ် အကြမ်းဖတ် ပစ်ခတ်မှု့အတွက် တုန့်ပြန်မှု့ တခု ဖြစ်သည်။ ဘယ်သူထိထိ CGF HTY ကို ထိသည်။နောက်နောင်တွင်လည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်” လို့CGF HTY ရဲ့သတင်းပြန်ကြားရေးကထုတ်ပြန်ခဲ့ပါတယ်။

မနက်က သမိုင်းမြို့သစ်မှာ ရှိတဲ့ အဆောက်အအုံတစ်ခုကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ စီးနင်းမှုအတွင်းမှာ လူငယ်နှစ်ဦး သေဆုံးသွားသလို ၊ လူငယ်နှစ်ဦး စစ်ကောင်စီတပ်ကဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေပြည်သူအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။