Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ဝါဒဖြန့်စာ​တွေကို ဓါတ်တိုင်​​တွေမှာလိုက်ကပ်

ရေဦးနယ်အပြင် ဝက်လက်နယ်မှာလည်း အဆိုပါစာတွေကို ဓာတ်တိုင်တွေမှာ လိုက်ကပ်နေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်နဲ့ ကျေးရွာတချို့မှာ PDF တွေကို ချေမှုန်းမယ်ဆိုတဲ့ အာဏာသိမ်းစစ်​ကောင်စီရဲ့ ဝါဒဖြန့်တဲ့စာတွေကို ဓါတ်တိုင်တွေမှာ လိုက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

NLD ပါတီမဲခိုးခဲ့၍ ရပ်တည်နိုင်မည်မဟုတ်တော့ကြောင်း၊စစ်ကိုင်းတိုင်းထဲက မြို့နယ်နဲ့ ကျေးရွာတွေမှာ ဒလန်သတင်းပေးလို့စွပ်စွဲပြီး သတ်ဖြတ်ခံနေရကြောင်း၊ လုံခြုံရေးတပ်သားတွေလာတဲ့အခါ ပြည်သူအများလည်း ထွက်ပြေးနေရပြီး အကြမ်းဖက်အလုပ်တွေမှာ မပါဝင်ဘူးဆိုရင် ထွက်ပြေးရန်မလိုကြောင်း၊ PDF အဖွဲ့ဝင်တွေရဲ့သတင်းတွေကိုပေးကြဖို့နဲ့ သတင်းပေးကို ထိုက်တန်စွာ ဆုချီးမြှင့်မယ်လို့ သတင်းပေးရမယ့်ဖုန်းနံပါတ်နဲ့တကွ ရေးသားထားတဲ့စာရွက်တွေလည်း လိုက်ကပ်ခဲ့ကြပါတယ်။

ဒါ့အပြင် “PDF များ လက်နက်ချအလင်းဝင်ရန်၊ မဝင်လျှင် လက်စတုန်းချေမှုန်းမည်”စတဲ့ ခြိမ်းခြောက်စာတွေလည်း လိုက်ကပ်ထားတာတွေ့ရတယ်လို့ စစ်ကိုင်းတိုင်း ရေဦးနယ်က ဒေသခံအချို့က ပြောပါတယ်။ ရေဦးနယ်အပြင် ဝက်လက်နယ်မှာလည်း အဆိုပါစာတွေကို ဓာတ်တိုင်တွေမှာ လိုက်ကပ်နေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook