Connect with us

Hi, what are you looking for?

News

သာကေတမှတက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းခံရပြီးနောက်ရက်တွင် အလောင်းလာထုတ်ရန် မိသားစုထံအကြောင်းကြား

တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးကျော်ခိုင်ဝင်းအား အဖမ်းခံရပြီးနောက်တစ်ရက်တွင် အလောင်းလားထုတ်ရန် စစ်ကောင်စီက မိသားစုထံအကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ သာကေတမြို့နယ် (၇)အရှေ့ရပ်ကွက် အောင်သပြေ(၃)လမ်းနေ ဦးကျော်ခိုင်ဝင်း(ခ)စိုးပိုင်ကို သြဂုတ် ၂၂ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီမှ နေအိမ်သိမ်လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အဖမ်းခံရပြီး နောက်တစ်ရက်ဖြစ်သည့် သြဂုတ် ၂၃ ရက်ညပိုင်းတွင်မူ ကိုကျော်ခိုင်ဝင်းသေဆုံးပြီဖြစ်၍ အလောင်းလာထုတ်ရန် စစ်ကောင်စီက မိသားစုထံ အကြောင်းကြားလာခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။

“သူငယ်ချင်း ကောင်းရာသုဂတိလားပါစေကွာ။ နောက်ဘဝများလူပြန်ဖြစ်ခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးပါစေကွာ”ဟု ကိုကျော်ခိုင်ဝင်းသေဆုံးကြောင်းကို သူငယ်ချင်းတစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ယခုကဲ့သို့ ရေးသားထားသည်။

ဦးကျော်ခိုင်ဝင်း(ခ)စိုးပိုင်သည် ကွန်လွန်ချိန်တွင် အသက် (၃၈) နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်မီက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအချို့တွင် ရူပဗေဒဘာသာရပ်သင် ဆရာတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook