Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ၊ လက်နက်ခဲယမ်းအချို့ရဟု PDF ခရိုင်တပ်ရင်းပြော

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

(တိုက်ခိုက်ခဲ့သည့် ပုသိမ် - မုံရွာလမ်းပိုင်းမှ မဲဇလီတံတားနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူတွေ့ရစဥ်။ဓာတ်ပုံ - CJ၊ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း)
(တိုက်ခိုက်ခဲ့သည့် ပုသိမ် - မုံရွာလမ်းပိုင်းမှ မဲဇလီတံတားနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူတွေ့ရစဥ်။ဓာတ်ပုံ - CJ၊ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ စစ်ကောင်စီ၏ မဲဇလီ-ဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်က မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တော်ဘက်ခြမ်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ခိုက်ခဲ့သည့် ပုသိမ် - မုံရွာလမ်းပိုင်းမှ မဲဇလီတံတားနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူတွေ့ရစဥ်။ဓာတ်ပုံ - CJ၊ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း)
(တိုက်ခိုက်ခဲ့သည့် ပုသိမ် – မုံရွာလမ်းပိုင်းမှ မဲဇလီတံတားနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းအချို့အား ရဲဘော်များနှင့်အတူတွေ့ရစဥ်။ဓာတ်ပုံ – CJ၊ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း)

တိုက်ခိုက်စဥ် အဆိုပါဂိတ်ရှိ စစ်ကောင်စီတပ်သား ၃ ဦးသာရှိပြီး မိနစ် ၂၀ခန့်တိုက်ခိုက်ပြီးနောက် စစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးထွက်ပြေးသွားခဲ့သည်။ ထို့နောက် ထွက်ပြေးသူနှစ်ဦးကိုပါ လိုက်လံပစ်ခတ်ရာ တစ်ဦးထပ်မံသေဆုံးကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က မဲဇလီစခန်းဘက်ကို ပြေးတာ။တံတားရဲ့ မဲဇလီဘက်ခြမ်းကို။ သေဆုံးတစ်ဦးကို အကာကွယ်ယူပြီးပြန်ပစ်တာ”ဟု ၎င်းက ပြောသည်။

ထို့အပြင် နေ့လယ် ၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သားအလောင်းများအား လာကောက်သည့် အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်အား အဆိုပါ တံတားဂိတ်မှာပင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားနှစ်ဦး ထပ်မံသေဆုံးကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းက အသိပေးသည်။

အဆိုပါဂိတ်သ​ည် မဲဇလီစခန်းနှင့် (၃)ဖာလုံခန့်အကွာတွင်တည်ရှိပြီး ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးစစ်သားထံမှ G2 သေနတ်တစ်လက်၊ ကျည်များနှင့် လက်ကိုင်ဖုန်း နှစ်လုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းက ထပ်မံအသိပေးသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်း၊ မကွေးတိုင်း ပကဖ၊ ရွေ့လျားစစ်ကြောင်း (Yenanthar Column)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၁ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် မိုင်းကွဲပြီး စစ်သား နှစ်ဦး သေဆုံးခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။