Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်ရှိ PDF စခန်းဖယ်ရှားပေးရန်ပြောဆိုခြိမ်းခြောက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

(အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော လက်လုပ်သေနတ်နှင့် အသုံးအဆောင်ပစ္စည်းအချို့အား တွေ့ရစဥ်။မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း)
(အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော လက်လုပ်သေနတ်နှင့် အသုံးအဆောင်ပစ္စည်းအချို့အား တွေ့ရစဥ်။မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တနေရာရှိ PDF စခန်းဖယ်ရှားပေးရန်နှင့် ဖယ်ရှားမပေးပါက စစ်တပ်ခေါ်ဆောင်လာမည်ဟု ခြိမ်းခြောက်ပြောဆိုနေသည့် ဆည်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၆ရက် နံနက်က ဆည်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ဌေးဝင်းကို ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူဌေးဝင်းသည် ပြီးခဲ့သည့်နိုဝင်ဘာ ၁၈ ရက်ကတည်က မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း၏ Facebook Page Messenger သို့ PDF များတပ်စွဲထားသည့်နေရာမှ ဖယ်ရှားပေးရန်နှင့် ဖယ်မရှားပေးပါက ၎င်းကိုယ်တိုင်ဦးဆောင်၍ လမ်းပြလုပ်မည်၊ အကြောင်းသိစေရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အထက်ပါ ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းအုပ်ချုပ်ရေးမှူးသည် ယခုနှစ် သြဂုတ်အတွင်းကလည်း စစ်ကောင်စီစစ်ကြောင်း အန္တရာယ်ကြောင့် တိမ်းရှောင်ရသည့်ပြည်သူများအား လက်မခံရန် ဆော်သြခဲ့သူဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

“သူတို့ရွာတင် မဟုတ်ဘူး။ ဘေးနားကရွာတွေပါလိုက်ပိတ်တာ။”ဟု ၎င်းက ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးသည် ဆည်တော်ကျေးရွာ၌ ပျူစောထီးအဖွဲ့များဖွဲ့စည်းခြင်း၊ ရပ်ရွာကာကွယ်ရေးအမည်တပ်၍ စစ်သင်တန်းကို ရွာသား ၄၀ ဦးပို့ရန် ဆောင်ရွက်နေခြင်း၊ တိုက်ပွဲများဖြစ်ပွားနေချိန်၌ပင် တစ်အိမ်လျှင် ကျပ်ငါးသောင်းနှုန်းကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“စစ်မှူထမ်းထောက်ပံ့ဖို့ကောက်တာ။ အဲဒါတွေကလည်း တကယ်မထောက်ပံ့ဘူး။ ပျူတွေနဲ့ စခတွေနဲ့ နားလှည့်ပါးရိုက် လက်ဝါးကြီးအုပ်တာ။”ဟု မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်က ရှင်းပြသည်။

ထို့အပြင် အဆိုပါအုပ်ချုပ်ရေးမှူးသည် ၂၀၂၂ ဇွန်လအတွင်းကလည်း ညီနောင်မဟာမိတ်အဖွဲ့များမှရဲဘော်များ မဲဇလီကြိုးတံတားတွင် တိုက်ခိုက်ခံရစဥ်က ထွက်ပြေးလွတ်မြောက်လာသော ရဲဘော်များကို စစ်ကောင်စီထံသတင်းပေးခြင်း၊ အဆိုပါရဲဘော်များအား ညှင်းပန်းနှိပ်စက်ရာတွင် အားပေးအားမြှောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းက ဆိုသည်။

မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းသည် နိုဝင်ဘာ ၂၇ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ မဲဇလီ-ဆည်တော် ကြိုးတံတားဂိတ်မှ စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။