Connect with us

Hi, what are you looking for?

News

လှိုင်(၁)ရပ်ကွက် စစ်​ကောင်စီသတင်း​ပေးသေနတ်ဖြင့်ပစ်သတ်ခံရ

အခင်းဖြစ်ပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အင်းစိန်လမ်းမအား ပိတ်ဆို့စစ်​ဆေးပြီး​ လမ်းအားပြန်ဖွင့်​ပေးခဲ့သည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ် (၁)ရပ်ကွက်မှ စစ်​ကောင်စီသတင်း​ပေး ဒလန်ဟုစွပ်စွဲခံရသူဦးတင်လှိုင်သည် ​သေနတ်ဖြင့် ပစ်သတ်ခံရ၍ ​သေဆုံးသွားသည်။

ယနေ့ နံနက်၆နာရီခွဲခန့်တွင် ကားဖြင့်​မောင်းနှင်လာစဥ် အင်းစိန်းလမ်းမနှင့်ဘူတာရုံလမ်းဆုံမီးပွိုင့်၌ ရပ်ထားစဉ် အခြားကားတစ်စီး​ပေါ်မှ ​သေနတ်သမားက အနီးကပ်ပစ်သတ်သွားခြင်းဖြစ်​ကြောင်း လှိုင်မြို့နယ်​နေ ​ပြည်သူတစ်ဦးက ​ပြောသည်။

​သေနတ်ဖြင့်ပစ်ခံရ၍ ဦးတင်လှိုင်မှာပွဲချင်းပြီး​သေဆုံးသွားပြီး ၎င်း၏ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အင်းစိန်လမ်းမအား ပိတ်ဆို့စစ်​ဆေးပြီး​ လမ်းအားပြန်ဖွင့်​ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယ​နေ့နံနက်က ဧရာ၀တီတိုင်း ကန်ကြီးထောင့် ဥယျဉ်စုရပ်မှ စစ်ကောင်စီသတင်းပေး ဒလန်ဟု အများကစွပ်စွဲခံရသူ မောင်မြင့်သည် ယနေ့ နံနက် ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ​ကြောင်း ​ဒေသခံများက ​ပြောသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် အကြမ်းဖက်စစ်ကောင်စီခန့် ရန္တပိုကျေးရွာ အုပ်ချုပ်ရေးမှူး မြတ်စိုးကိုလည်း ဩဂုတ် ၂၈ ရက် ညက နှလုံးလှလူမိုက်ကြီးများအဖွဲ့က ခေါင်းဖြတ်သတ်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook