Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်အချို့ထွက်ပြေး

ထွက်ပြေးသည့် အရေအတွက် အတိအကျမသိရသေးသော်လည်း ယင်း BGF တပ်ဖွဲ့ဝင်များမှာ ကြားအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံ အခြေစိုက် BGF တပ်နယ်(၄)လက်အောက်ခံ ၁၀၂၁ တပ်ရင်းမှ ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်အချို့ ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပြေးသွား၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ထွက်ပြေးသည့် အရေအတွက် အတိအကျမသိရသေးသော်လည်း ယင်း BGF တပ်ဖွဲ့ဝင်များမှာ ကြားအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံ အခြေစိုက် BGF တပ်နယ်(၄)လက်အောက်ခံ ၁၀၂၁ တပ်ရင်းမှ ဖြစ်သည်ဟု ဆိုသည်။

“တပ်သားအချို့ထွက်ပြေးမှုရှိတယ်။ ပြီးခဲ့တဲ့ဖလူးတိုက်ပွဲတုန်းကလိုပုံစံမျိုးပဲ” ဟု ကရင်ဒေသခံက ပြောသည်။

နယ်ခြားစောင့်တပ် ၁၀၂၁ တပ်ရင်းက တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွား၍ အင်အားနည်းသွားသည့် BGF တပ်သို့ ရွှေကုက္ကိုဒေသရှိ နယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်များဖြင့် အင်အားဖြည့်ထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အာဏာသိမ်းစစ်ကော်စီက BGF တပ်များကို အသုံးပြုပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများသို့ စစ်ရေးလှုပ်ရှားမှုများ ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၃ရက် ဝန်းကျင်က BGF တပ်များကို အသုံးပြုပြီး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့၍ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီတပ်က BGF တပ်များကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook