Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ဒေသခံများ၏ ဆန်အိတ်များကိုဒီဇယ်လောင်းဖျက်ဆီး၊ ဘာသာ​ရေးနှင့် ​နေအိမ်အ​ဆောက်အအုံများလည်း ဖျက်ဆီးဟု CDF ပြော

ဩဂုတ်လကုန်ပိုင်းက မင်းတပ်မြို့နယ်ချပ်ရွာ၌ စခန်းချခဲ့သည့် စစ်ကောင်စီတပ်သည် လူနေအိမ် များသာမက ဘာသာအရေးအဆောက်အဦးများကိုပါဖျက်ဆီးခဲ့ကြောင်း ၊ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းတို့လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။

ချင်းပြည်နယ်မင်းတပ်မြို့နယ်အတွင်းသို့ လက်ရှိ ဝင်ရောက်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်သည် ဒေသခံများ၏ ဆန်များကို ဓာတ်ဆီ၊ ဒီဇယ်လောင်းခြင်းအပါ အဝင် ပုံစံမျိုးစုံဖြင့် ဖျက်ဆီးမှုလုပ်ဆောင် နေသည်ကို တွေ့ရကြောင်း ချင်းပြည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဩဂုတ်လကုန်ပိုင်းက မင်းတပ်မြို့နယ်ချပ်ရွာ၌ စခန်းချခဲ့သည့် စစ်ကောင်စီတပ်သည် လူနေအိမ် များသာမက ဘာသာအရေးအဆောက်အဦးများကိုပါဖျက်ဆီးခဲ့ကြောင်း ၊ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းတို့လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တောက်လျှောက်တိုက်ပွဲဖြစ်တာမှာ ဒီတစ်ဖွဲ့ကတော့ အရိုင်းအစိုင်း ယုတ်မာတယ်လို့ပဲ ပြောရမလား။ သူတို့တည်းတဲ့နေရာတွေမှာ အိမ်က ဆန်အိတ်တွေ ဖောက်ပြီးမှ စားတယ်။ ပြီးရင် ဓာတ်ဆီတွေ ဒီဇယ်တွေ လောင်းပြီးမှ ထားခဲ့တယ်”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အချို့ကျေးရွာများ၌ ဆန်အိတ်ပေါ် မစင်စွန်ထားခဲ့ခြင်းများလည်းရှိကြောင်း ၎င်း ကပြောသည်။ ဘုရားကျောင်းအတွင်း အရက်သေစာ သောက်စားခြင်းပြုလုပ်ခဲ့သည်ဟုဆိုသည်။

“ပြီးတော့ တချို့ဆန်တွေဆိုရင် အပင်ပန်းခံပြီး သယ်ပြီးမှကို လမ်းမှာ ဆန်တွေကို လွှင့်ခဲ့တာပေါ့”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုပြင် ချပ်ရွာ၌ စခန်းချနေစဉ် ၎င်းတို့ စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးသူအချို့ကို တာလပတ်ပတ်ပြီး အိမ်သာကျင်းထဲသို့ချထားခဲ့ ကြောင်း CDFတာဝန်ရှိသူက ပြောသည်။ အဆိုပါ ချပ်ရွာသို့ စစ်ကောင်စီတပ်များ စခန်းချနေစဉ် CDFက သွားရောက်ခြောင်းမြောင်းပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး အချို့ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။