Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က ဒေသခံများ၏ ဆန်အိတ်များကိုဒီဇယ်လောင်းဖျက်ဆီး၊ ဘာသာ​ရေးနှင့် ​နေအိမ်အ​ဆောက်အအုံများလည်း ဖျက်ဆီးဟု CDF ပြော

ဩဂုတ်လကုန်ပိုင်းက မင်းတပ်မြို့နယ်ချပ်ရွာ၌ စခန်းချခဲ့သည့် စစ်ကောင်စီတပ်သည် လူနေအိမ် များသာမက ဘာသာအရေးအဆောက်အဦးများကိုပါဖျက်ဆီးခဲ့ကြောင်း ၊ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းတို့လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။

ချင်းပြည်နယ်မင်းတပ်မြို့နယ်အတွင်းသို့ လက်ရှိ ဝင်ရောက်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်သည် ဒေသခံများ၏ ဆန်များကို ဓာတ်ဆီ၊ ဒီဇယ်လောင်းခြင်းအပါ အဝင် ပုံစံမျိုးစုံဖြင့် ဖျက်ဆီးမှုလုပ်ဆောင် နေသည်ကို တွေ့ရကြောင်း ချင်းပြည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဩဂုတ်လကုန်ပိုင်းက မင်းတပ်မြို့နယ်ချပ်ရွာ၌ စခန်းချခဲ့သည့် စစ်ကောင်စီတပ်သည် လူနေအိမ် များသာမက ဘာသာအရေးအဆောက်အဦးများကိုပါဖျက်ဆီးခဲ့ကြောင်း ၊ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းတို့လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တောက်လျှောက်တိုက်ပွဲဖြစ်တာမှာ ဒီတစ်ဖွဲ့ကတော့ အရိုင်းအစိုင်း ယုတ်မာတယ်လို့ပဲ ပြောရမလား။ သူတို့တည်းတဲ့နေရာတွေမှာ အိမ်က ဆန်အိတ်တွေ ဖောက်ပြီးမှ စားတယ်။ ပြီးရင် ဓာတ်ဆီတွေ ဒီဇယ်တွေ လောင်းပြီးမှ ထားခဲ့တယ်”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အချို့ကျေးရွာများ၌ ဆန်အိတ်ပေါ် မစင်စွန်ထားခဲ့ခြင်းများလည်းရှိကြောင်း ၎င်း ကပြောသည်။ ဘုရားကျောင်းအတွင်း အရက်သေစာ သောက်စားခြင်းပြုလုပ်ခဲ့သည်ဟုဆိုသည်။

“ပြီးတော့ တချို့ဆန်တွေဆိုရင် အပင်ပန်းခံပြီး သယ်ပြီးမှကို လမ်းမှာ ဆန်တွေကို လွှင့်ခဲ့တာပေါ့”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုပြင် ချပ်ရွာ၌ စခန်းချနေစဉ် ၎င်းတို့ စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးသူအချို့ကို တာလပတ်ပတ်ပြီး အိမ်သာကျင်းထဲသို့ချထားခဲ့ ကြောင်း CDFတာဝန်ရှိသူက ပြောသည်။ အဆိုပါ ချပ်ရွာသို့ စစ်ကောင်စီတပ်များ စခန်းချနေစဉ် CDFက သွားရောက်ခြောင်းမြောင်းပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး အချို့ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။