Connect with us

Hi, what are you looking for?

News

ရွာလူထုအားဖိနှိပ်သည့်အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့ဟု ဗိဿနိုးနယ်မြေ PDF ထုတ်ပြန်

ဒလန်အောင်စိုးမင်းသည် အကြမ်းဖက်စစ်ကောင်စီအလိုကျ ကျေးရွာနေပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စစ်ကောင်စီအား သတင်းပေးခြင်းများ ဆောင်ရွက်သူဖြစ်ကြောင်း ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စစ်ကောင်စီခန့် အိုင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒလန်အောင်စိုးမင်းကို ယနေ့ ညပိုင်းက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း
ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က သတင်းထုတ်ပြန်သည်။

အများပြည်သူမှ အကြီးစားဒလန်ဟု သတ်မှတ်ထားသူ ဒလန်အောင်စိုးမင်းကို မယ်ဇလီပင်ကျေးရွာနေ ၎င်း၏ နေအိမ်ဝန်း၌ ၁၅ချက် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒလန်အောင်စိုးမင်းသည် အကြမ်းဖက်စစ်ကောင်စီအလိုကျ ကျေးရွာနေပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စစ်ကောင်စီအား သတင်းပေးခြင်းများ ဆောင်ရွက်သူဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် မြို့သစ်မြို့နယ်အတွင်း နေထိုင်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်း ပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း အထူးသတိပေးသည်ဟု ဗိဿနိုးနယ်မြေ PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးနယ်မြေ PDF အနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် ၎င်းအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။

ဗိဿနိုးနယ်မြေ PDF သည် တောင်တွင်းကြီးမြို့နယ်ရှိ စစ်ကောင်စီခန့် သတင်းပေးအချို့ကို သုတ်သင်ခဲ့ကြောင်းနှင့် မကွေးလေတပ် ဗုံးဖောက်ခွဲမှုကို ဆောင်ရွက်ခဲ့ကြောင်း ယခင်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။