Connect with us

Hi, what are you looking for?

News

ရွာလူထုကိုဖိနှိပ်သည့် စစ်ကောင်စီတပ်ကို ကလေးPDF ကြားဖြတ်တိုက်ခိုက်၊ ၁၀နာရီကြာတိုက်ပွဲဖြစ်ခဲ့

ယနေ့ (စက်တင်ဘာ ၃ရက်) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအင်အားအလုံးအရင်းဖြင့် အင်းကျွန်းကျေးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် ဝင်ရောက်စီးနင်းပြီး လူနေအိမ်များကို မွှေနှောက်ဖျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

People's Spring
People's Spring

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ အင်းကျွန်းကျေးရွာသို့ ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှု ရှိနိုင်ကောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၃ရက်) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအင်အားအလုံးအရင်းဖြင့် အင်းကျွန်းကျေးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် ဝင်ရောက်စီးနင်းပြီး လူနေအိမ်များကို မွှေနှောက်ဖျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ ရေရှင်ကျေးရွာဘက်သို့ ဆက်လက်ဦးတည်လာရာ နံနက် ၉နာရီအချိန်ခန့်တွင် ကလေး PDF တပ်ဖွဲ့ဝင်များက ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာ ည ၇နာရီခွဲအထိ တိုက်ပွဲဆက် လက်ဖြစ်ပွားနေဟု ထုတ်ပြန်ခဲ့သည်။

၁၀နာရီခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ၏ အကြမ်းဖက်စစ်သားများ အသေအဆုံးရှိနိုင်သော် လည်းအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် PDF (Kalay) ဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် ရေရှင် ကျေးရွာအတွင်း လူနေအိမ်များစွာ ပျက်စီးခဲ့ကြောင်း ၊ ည ၇ နာရီ အချိန်ခန့်မှ စတင်ပြီး စစ်ကောင်စီ တပ်ကရေရှင်ရွာအတွင်းရှိ ပြည်သူတို့၏နေအိမ်များကို မီးရှို့ဖျက်စီး‌နေကြောင်း ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား မော်တော်ကားများဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် ကလေး PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။