Connect with us

Hi, what are you looking for?

News

တောင်သမာန်အင်းတွင် စစ်​​ကောင်စီကားဗုံးဖြင့်တိုက်ခိုက်ခံရ

“သွားနေတဲ့စစ်ကားနောက်ကို ဆိုင်ကယ်နဲ့ လိုက်ပြီးပစ်လိုက်တာလို့လည်းပြောတယ်။ဆိုင်ကယ်တစ်စီးလည်း မီးလောင်သွားတယ်လို့ သိရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

(အခင်းဖြစ်ပွားရာ တောင်သမန်ကန်ပတ်လမ်းတွင် စစ်အာဏာရှင်အလိုမရှိကြောင်း စာရွက်များ ယ​နေ့နံနက်တွင် ကြဲချထားသည်။ ဓာတ်ပုံ - Cj)

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းကန်ပတ်လမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတစ်စီး ဗုံးဖြင့်တိုက်ခိုက်ခံရ​ကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၁၁ နာရီ ၁၇ မိနစ်ဝန်းကျင်က အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက် တရုတ် တန်းကြီးရပ်ရှိ တောင်သမန်ကန်ပတ်လမ်းပေါ်တွင် တောင်မှမြောက်သို့ မောင်းနှင်လာသည့် စစ်ကားသည် ကန်ပတ်လမ်းနှင့် စစ်ကိုင်းလမ်းခွဲလမ်းမသို့ ရောက်ကာနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ကားမှာပျက်စီးမသွားသော်လည်း စစ်သားနှစ်ဦး ထိခိုက်မိသ​ည်ဟု ပြောဆိုနေကြကြောင်း အမရပူရမြို့ခံများက ပြောသည်။

“သွားနေတဲ့စစ်ကားနောက်ကို ဆိုင်ကယ်နဲ့ လိုက်ပြီးပစ်လိုက်တာလို့လည်းပြောတယ်။ဆိုင်ကယ်တစ်စီးလည်း မီးလောင်သွားတယ်လို့ သိရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဗုံးကွဲပြီးနောက် မြို့တွင်းနှင့် မြို့ထိပ်စစ်ဆေးမှုများအား တင်းကြပ်နေကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အမရပူရမြို့တွင် နံနက်ပိုင်းကလည်း စစ်အာဏာရှင် အလိုမရှိကြောင်း စာရွက်ကြဲဖြန့်လှုပ်ရှားမှုများ ပြုလုပ်သွားခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။