Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ် ဘိုကုန်းရွာကို စစ်ကောင်စီတပ်ဝင်မွှေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီး

အကြမ်းဖက်စစ်​ကောင်စီတပ်များသည် လူ​နေအိမ်များအပြင် ဘုန်းကြီး​ကျောင်းများနှင့် ဘုရား​ကျောင်းများကိုပါ ဖျက်ဆီးမှုများပြုလုပ်​နေသည်။

People's Spring
People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဘိုကုန်းကျေးရွာသို့ စက်တင်ဘာ ၄ရက်ညက စစ်ကောင်စီတပ်က လာရောက်၍ နေအိမ်များကို မွှေနှောက်ပြီး လူငယ်တစ်ဦးကိုဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီရွာက မတ္တရာ- မန္တလေး ကားလမ်းဘေးက ရွာပဲ။ အဲဒီရွာက ခုနစ်အိမ်ထက်မနည်းမွှေသွားတယ်။ ပစ္စည်းတွေ ယူသွားတယ်။ နောက် ရဲဝေထွန်းဆိုတဲ့ ကောင်လေးတစ်ယောက် ဖမ်းသွားတယ်။ နောက်တစ်ခါ သူတို့ မွှေသွားတဲ့အထဲမျာ ဘုန်းကြီးကျောင်းက ဆရာတော်ရဲ့ အိပ်ခန်းလည်းပါတယ်။ ပါးရိုက်ခံရတဲ့သူ အကန်ခံရတဲ့သူ နှိပ်စက်ခံရတဲ့သူတွေလည်းရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရွာသို့ ဩဂုတ် ၂၈ရက်က စစ်ကောင်စီတပ်က လာရောက်ပြီး ဒေသခံအချို့ကို ဖမ်းဆီးခဲ့သေးကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်များ နှင့်ပတ်သက်ပြီး သတင်းရထားသည်ဟု အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်များ လာရောက်နေခြင်းဖြစ် ကြောင်း ဒေသခံက ဆိုသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များသည် မန္တ​လေး၊စစ်ကိုင်း၊မ​ကွေးတိုင်းနှင့် ကရင်၊ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့ရှိ ​ကျေးရွာများကိုလည်း ဝင်​ရောက်ဖျက်ဆီးမီးရှို့၍ ​ဒေသခံများကို ဖမ်းဆီး​ခေါ်​ဆောင်မှုများ ကျူးလွန်​နေသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ​အဆိုပါ ​ဒေသများရှိ ​ရွာသူ၊ရွာသားများမှာ ​နေရပ်စွန့်ခွာ ထွက်​ပြေးပုန်း​ရှောင်​နေကြရသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်များသည် လူ​နေအိမ်များအပြင် ဘုန်းကြီး​ကျောင်းများနှင့် ဘုရား​ကျောင်းများကိုပါ ဖျက်ဆီးမှုများပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။