Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ် ဘိုကုန်းရွာကို စစ်ကောင်စီတပ်ဝင်မွှေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီး

အကြမ်းဖက်စစ်​ကောင်စီတပ်များသည် လူ​နေအိမ်များအပြင် ဘုန်းကြီး​ကျောင်းများနှင့် ဘုရား​ကျောင်းများကိုပါ ဖျက်ဆီးမှုများပြုလုပ်​နေသည်။

People's Spring
People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဘိုကုန်းကျေးရွာသို့ စက်တင်ဘာ ၄ရက်ညက စစ်ကောင်စီတပ်က လာရောက်၍ နေအိမ်များကို မွှေနှောက်ပြီး လူငယ်တစ်ဦးကိုဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီရွာက မတ္တရာ- မန္တလေး ကားလမ်းဘေးက ရွာပဲ။ အဲဒီရွာက ခုနစ်အိမ်ထက်မနည်းမွှေသွားတယ်။ ပစ္စည်းတွေ ယူသွားတယ်။ နောက် ရဲဝေထွန်းဆိုတဲ့ ကောင်လေးတစ်ယောက် ဖမ်းသွားတယ်။ နောက်တစ်ခါ သူတို့ မွှေသွားတဲ့အထဲမျာ ဘုန်းကြီးကျောင်းက ဆရာတော်ရဲ့ အိပ်ခန်းလည်းပါတယ်။ ပါးရိုက်ခံရတဲ့သူ အကန်ခံရတဲ့သူ နှိပ်စက်ခံရတဲ့သူတွေလည်းရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရွာသို့ ဩဂုတ် ၂၈ရက်က စစ်ကောင်စီတပ်က လာရောက်ပြီး ဒေသခံအချို့ကို ဖမ်းဆီးခဲ့သေးကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်များ နှင့်ပတ်သက်ပြီး သတင်းရထားသည်ဟု အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်များ လာရောက်နေခြင်းဖြစ် ကြောင်း ဒေသခံက ဆိုသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များသည် မန္တ​လေး၊စစ်ကိုင်း၊မ​ကွေးတိုင်းနှင့် ကရင်၊ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့ရှိ ​ကျေးရွာများကိုလည်း ဝင်​ရောက်ဖျက်ဆီးမီးရှို့၍ ​ဒေသခံများကို ဖမ်းဆီး​ခေါ်​ဆောင်မှုများ ကျူးလွန်​နေသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ​အဆိုပါ ​ဒေသများရှိ ​ရွာသူ၊ရွာသားများမှာ ​နေရပ်စွန့်ခွာ ထွက်​ပြေးပုန်း​ရှောင်​နေကြရသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်များသည် လူ​နေအိမ်များအပြင် ဘုန်းကြီး​ကျောင်းများနှင့် ဘုရား​ကျောင်းများကိုပါ ဖျက်ဆီးမှုများပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook