Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်မှ နှုတ်ထွက်စာတင်ထား​သည်ဆိုသော ​ကျေးရွာအုပ်ချုပ်​ရေးမှူး အသတ်ခံရ

“ကိုသောင်းဦးက ပြည်ခိုင်ဖြိုး ပါတီဝင်တော့ ဟုတ်ပါတယ်။ ပျူစောထီးဟုတ်မဟုတ် ဒလန်လုပ် မလုပ်ကတော့ မသိပါဘူး။ အခုသတ်သွားတာကလည်း ဘယ်အဖွဲ့ကမှန်း မသိသေးပါဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် နှုတ်ထွက်စာတင်ထားသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ယမန်နေ့ညနေပိုင်းက အသတ်ခံခဲ့ရသည်။

ရေဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာအုပ်စု အင်တိုင်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဟောင်းဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဦးသောင်းဦးသည် စက်တင်ဘာလ၅ရက် ညနေ ၆ နာရီဝန်းကျင်က အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရေဦးဒေသခံများက ပြောသည်။

ဦးသောင်းဦး၏ နေအိမ်အတွင်းသို့ လူတစ်ဖွဲ့ရောက်ရှိလာပြီး ရိုက်နှက်ခဲ့ရာ
ဦးသောင်းဦးမှာ ထွက်ပြေးခဲ့ကြောင်း၊ နောက်မှ ဓားဖြင့်လိုက်ကာ ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးသောင်းဦး၏ ရုပ်အလောင်းကို အင်တိုင်းရွာနှင့် သပြေကုန်း ရွာကြားတွင် တွေ့ရကြောင်း ဒေသခံတို့ကဆိုသည်။

ဦးသောင်းဦးသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဖြစ်သော်လည်း သြဂုတ်လ ၁၀ ရက်နေ့က နှုတ်ထွက်စာကို သူ၏ ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ကြောင်း ရေဦးမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ကိုသောင်းဦးက ပြည်ခိုင်ဖြိုး ပါတီဝင်တော့ ဟုတ်ပါတယ်။ ပျူစောထီးဟုတ်မဟုတ် ဒလန်လုပ် မလုပ်ကတော့ မသိပါဘူး။ အခုသတ်သွားတာကလည်း ဘယ်အဖွဲ့ကမှန်း မသိသေးပါဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ရောက်ရှိလာနိုင်သောကြောင့် ရွာသူရွာသားများလည်း ကြောက်လန့်ကာ ထွက်ပြေးနေရကြောင်း ရွာခံများက ပြောသည်။

ပုံစာ -အသတ်ခံလိုက်ရသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ဦးသောင်းဦးနှင့်
သူ၏နူတ်ထွက်စာ

ဓါတ်ပုံ-CJ

ဆက်စပ်သတင်းများ

သတင်း

ဖမ်း​ဆီးခံထားရသူများတွင် အသက်ငယ်ရွယ်သူများအပြင် အသက် (၄၀)ကျော်နှင့် အိမ်ထောင်သည်အမျိုးသားများပါ ဖမ်းဆီးခံထားရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

သတင်း

စစ်ကြောင်းအသီးသီးမှ တွေ့ရှိခဲ့သော အချက်အလက်များအရ စစ်အုပ်စုဝင် ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း PLA ခန့်မှန်းထားသည်။

သတင်း

ကျဆုံးရဲဘော် နှစ်ဦးမှာ ရဲဘော်ချစ်တိုးနှင့် ရဲဘော်မှတ်ကြီးတို့ဖြစ်ပြီး သတ်ဖြတ်ခံရသည့် ပြည်သူ နှစ်ဦးမှာ ကိုမောင်မောင်နှင့် မယဉ်အေးတို့ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆောင်းပါး

"တကယ်တမ်း ကျွန်တော်တို့ရွာက ရေဦးနဲ့ ၈ မိုင်လောက်ကွာတယ်။ ဒါပေမယ့် ရေဦးက ထွက်တယ်ဆိုရင် အသင့်ပြင်ပြီးတော့ပြေးရတော့တာ။ပျိုးနှုတ်ပြီးသားလည်းပစ်ခဲ့ရတယ်။