Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့နယ် အောင်သာယာရွာတိုက်ပွဲ စစ်အုပ်စု ၁၀ဦးထက်မနည်းသေပြီး စစ်သုံ့ပန်း ခုနစ်ဦး ဖမ်းဆီးရမိ

စစ်ကြောင်းအသီးသီးမှ တွေ့ရှိခဲ့သော အချက်အလက်များအရ စစ်အုပ်စုဝင် ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း PLA ခန့်မှန်းထားသည်။

(တိုက်ပွဲပြန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော်များအား ဒေသခံပြည်သူများက ကြိုဆိုနေကြစဥ်။ ဓာတ်ပုံ - PLA)
(တိုက်ပွဲပြန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော်များအား ဒေသခံပြည်သူများက ကြိုဆိုနေကြစဥ်။ ဓာတ်ပုံ - PLA)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာတိုက်ပွဲအတွင်း စစ်အုပ်စု ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း ခုနစ်ဦးဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၄ ရက် နံနက်က စစ်ကောင်စီတပ်သား၊ ရဲနှင့်ပျူစောထီးအင်အား ၈၀ ခန့်တပ်စွဲထားသော ရေဦးမြို့နယ် အောင်သာယာကျေးရွာကို ဒေသတွင်း PDFအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုက ဘုန်းကြီးကျောင်းအပါအဝင် ရွာတွင်းနေရာများ၌ ဘန်ကာအများအပြားတည်ဆောက်ကာ အခိုင်အမာတပ်စွဲထားပြီး ဘုန်းကြီးကျောင်း စခန်းကွင်းနေရာအထိသွားရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၂နာရီခန့်အကြာတွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း PLA က အသိပေးသည်။

စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိကာ သုံ့ပန်းနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ရဲဘော် ခုနစ်ဦးခန့်ဒဏ်ရာရရှိပြီး အကျအဆုံးမရှိကြောင်း PLAက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းအသီးသီးမှ တွေ့ရှိခဲ့သော အချက်အလက်များအရ စစ်အုပ်စုဝင် ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း PLA ခန့်မှန်းထားသည်။

ပြည်သူ့ရဲဘော်များ ဆုတ်ခွာပြီး မကြာမီ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်ရှိလာခဲ့ကြောင်း သိရသည်။

“အိမ်ခြေ ၂၅၀ခန့်ရှိတာ။ တဝက်ကျော်က ပျူအသိုင်းအဝိုင်းပဲ။ ဘုန်းကြီးကျောင်းနဲ့ ဘန်ကာဆယ်လုံးကျော်မှာ တပ်ထိုင်တယ်။ စစ်သား နှစ်ဦး၊ ရဲ သုံးဦးအပါအဝင်ပျူ၇၀ကျော် တပ်စွဲထားတဲ့ ပျူရွာကြီးပါ။လေကြောင်းပစ်ကူက တပ်ဆုတ်ပြီး ၁၅မိနစ်ကျော်လောက်မှ ရောက်ခဲ့တာ။ အကျအဆုံးမရှိဘဲ ခုနစ်ဦးဒဏ်ရာရတယ်။ နှစ်ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။”ဟု PLA ၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ကျည်အချို့ ၊ ငွေသားအချို့နှင့် ဆိုင်ကယ် ၂စီး သိမ်းယူရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

“လေကြောင်းတိုက်တာ ရဲဘော်တွေတော့မထိဘူး။ အခင်းဖြစ်တဲ့ရွာနားဝန်းကျင်ကို ရေဦးကနေပစ်တဲ့ လက်နက်ကြီး ဟောင်ဝစ်ဇာနဲ့လှမ်းထုတာ ရှိတယ်။စခန်းတွေ မီးရှို့နိုင်ခဲ့တာလည်း ရှိတယ်။ လက်နက်ကြီးတွေတည့်တည့်ကျလို့ ပျက်စီးသွားတဲ့ဘန်ကာတွေလည်း ရှိတယ်။ရေဦးက ပစ်ကူတာတွေရယ်၊ ကာဘိုးဘက်က စစ်ကူလာတာတွေရှိလို့ မတက်သာလို့ ဆုတ်ခွာခဲ့ရတာ။”ဟု Taze Civil Revolution Force-TCRF(PLA) အဖွဲ့၏ တိုက်ခိုက်ရေးတာဝန်ခံက ပြောသည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက” မူးမြစ်အရှေ့ဖက်မှာ သူပဲ တစ်ရွာတည်း ပျူရွာဖြစ်နေတာ။ ဒါကို ဝင်တိုက်တာ။ ခေါင်းဆောင်က ထွက်ပြေးသွားတယ်။ ခုနစ်ယောက် အရှင်ဖမ်းမိတယ်”ဟု ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)နှင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDFတို့ ပူးပေါင်းကာ ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ရေဦးမြို့ပေါ်မှ စခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေသည့်စစ်ကောင်စီက မြို့ခံများအား ပြင်ပသို့ မထွက်ရန် တားဆီးနေသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။