Connect with us

Hi, what are you looking for?

News

လှိုင်သာယာ ရဲတပ်ရင်း(၉)ရှေ့ ဗုံးပေါက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာပြင်းထန်

CGF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စက်တင်ဘာ ၇ ရက်တွင်ထုတ်ပြန်သည့် အကြမ်းဖက်စစ်ကောင်စီအား တရားဝင်စစ်ကြေညာခြင်းကို ထောက်ခံပြီး NUG ၏လမ်းညွှန်အတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

လှိုင်သာယာ- ပုသိမ်လမ်မကြီး နည်းပညာကျောင်းလမ်းထိပ် ရဲတပ်ရင်း(၉)ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့ပြပျောက်ကျားတပ်(CGF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၈)နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ရဲတပ်ရင်း(၉)ရှေ့တည့်တည့်၌ အဝေးထိန်းဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဝေးထိန်း ဗုံး(၃)လုံး ဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်သော အဆိုပါ နေရာသို့ ရောက်ရှိလာသော စစ်ကောင်စီ အဖွဲဝင်များထဲမှ (၃)ဦးမှာ ပြင်းထန်စွာ ထိခိုက်မှု တချို့ ဖြစ်ပေါ်ပြီး မိမိတို့ CGF မှ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

CGF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စက်တင်ဘာ ၇ ရက်တွင်ထုတ်ပြန်သည့် အကြမ်းဖက်စစ်ကောင်စီအား တရားဝင်စစ်ကြေညာခြင်းကို ထောက်ခံပြီး NUG ၏လမ်းညွှန်အတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။