Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာ ရဲတပ်ရင်း(၉)ရှေ့ ဗုံးပေါက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာပြင်းထန်

CGF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စက်တင်ဘာ ၇ ရက်တွင်ထုတ်ပြန်သည့် အကြမ်းဖက်စစ်ကောင်စီအား တရားဝင်စစ်ကြေညာခြင်းကို ထောက်ခံပြီး NUG ၏လမ်းညွှန်အတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

လှိုင်သာယာ- ပုသိမ်လမ်မကြီး နည်းပညာကျောင်းလမ်းထိပ် ရဲတပ်ရင်း(၉)ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့ပြပျောက်ကျားတပ်(CGF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၈)နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ရဲတပ်ရင်း(၉)ရှေ့တည့်တည့်၌ အဝေးထိန်းဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဝေးထိန်း ဗုံး(၃)လုံး ဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်သော အဆိုပါ နေရာသို့ ရောက်ရှိလာသော စစ်ကောင်စီ အဖွဲဝင်များထဲမှ (၃)ဦးမှာ ပြင်းထန်စွာ ထိခိုက်မှု တချို့ ဖြစ်ပေါ်ပြီး မိမိတို့ CGF မှ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

CGF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စက်တင်ဘာ ၇ ရက်တွင်ထုတ်ပြန်သည့် အကြမ်းဖက်စစ်ကောင်စီအား တရားဝင်စစ်ကြေညာခြင်းကို ထောက်ခံပြီး NUG ၏လမ်းညွှန်အတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။