Connect with us

Hi, what are you looking for?

News

ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြရှာဖွေရာ ပြည်သူ၁၀၀ကျော် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည့် မြို့နယ်များမှာ လှိုင် ၊ဒဂုံမြို့သစ်တောင်ပိုင်းနှင့် တာမွေမြို့နယ်တို့ ပါဝင်သည်။

People's Spring
People's Spring

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယမန်နေ့ညက ဧည့်စာ ရင်းအကြောင်းပြ၍ စစ်ကောင်စီတပ်များက လိုက်လံရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည့် မြို့နယ်များမှာ လှိုင် ၊ဒဂုံမြို့သစ်တောင်ပိုင်းနှင့် တာမွေမြို့နယ်တို့ ပါဝင်သည်။

လှိုင်မြို့နယ် (၁၃) ရက်ကွက် အသောကလမ်းနှင့် မဟာဆွေလမ်းတို့မှ ပြည်သူအယောက် ၁၀၀ ကျော်အဖမ်းခံရသည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Hlaing Info က ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသမီးအယောက် ၆၀ ခန့်နှင့် အမျိုးသား ၄၀ ခန့်ပါဝင်ပြီး ယင်းအနက် အမျိုးသမီးအချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများအနက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ (၅၇) ရပ်ကွက်နှင့် (၁၉) ရပ်ကွက်များတွင်လည်း ဖမ်းဆီးခံသူအချို့ရှိသည်ဟု စုံစမ်းသိရသော်လည်း အရေအတွက်အတ်အကျ မသိရသေးပေ။

ထို့အပြင် တာမွေမြို့နယ် ၁၆၅ လမ်းနှင့် ၁၆၁ လမ်းတွင် ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့ရာ ပြည်သူအနည်းဆုံး သုံးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ရေးကို အကြမ်းမဖက်သည့်နည်းလမ်းဖြင့်တော်လှန်နေရာမှ စက်တင်ဘာ ၇ ရက်မှစတင်ကာ လက်နက်ကိုင်တော်လှန်ရေးစတင်မည်ဖြစ်ကြောင်းကြေညာပြီးနောက် စစ်ကောင်စီက ဒေသအချို့တွင် ပေါ်တာဆွဲခြင်းနှင့် ဧည့်စာရင်းအကြောင်းပြဖမ်းဆီခြင်းများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ယမန်နေ့ညပိုင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများအနက် ဖမ်းဆီးခံရသူအရေအတွက် ပြန်လွှတ်ပေးသူအရေအတွက် ထပ်မံစုံစမ်းအတည်ပြုလျက်ရှိသော်လည်း ယခုထိပိုမိုတိကျသည့်စာရင်း မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။