Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနယ်မြေစခန်းတွင် စစ်ကောင်စီတပ်အင်အား၁၀၀ခန့်တပ်စွဲ

“အခုတပ်စွဲထားတာ စစ်သားတွေ။ ရဲ‌ကင်း‌တွေမှာ ရဲမရှိတော့ဘူး။ ပင်မစခန်းမှာပေါင်းနေကြတာ” ဟု ၎င်းကဆက်ပြောသည်။

People's Spring
People's Spring

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ထီးချိုင့်မြို့နယ်မောင်းကုန်းကျေးရွာနယ်မြေရဲစခန်းတွင် စစ်ကောင်စီအင်အား ၁၀၀ခန့် တပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကသာနှင့် ထီးချိုင့်သွားလမ်းပေါ်မှ မောင်းကုန်းကျေးရွာနယ်မြေရဲစခန်းတွင် ယမန်နေ့(စက်တင်ဘာ ၈)မှစ၍ ရောက်လာပြီး တပ်စွဲထားသည်ဟု မျက်မြင်တွေ့သည့်ဒေသခံအချို့ကပြောသည်။

“အခုတပ်စွဲထားတာ စစ်သားတွေ။ ရဲ‌ကင်း‌တွေမှာ ရဲမရှိတော့ဘူး။ ပင်မစခန်းမှာပေါင်းနေကြတာ” ဟု ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသ ကသာ၊ ထီးချိုင့်နှင့်ကောလင်းမြို့နယ်တို့တွင် KIAနှင့်ဒေသခံ PDF ပူးပေါင်းကာ လက်နက်စွဲကိုင်အဖွဲ့တို့ က ခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။