Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနယ်မြေစခန်းတွင် စစ်ကောင်စီတပ်အင်အား၁၀၀ခန့်တပ်စွဲ

“အခုတပ်စွဲထားတာ စစ်သားတွေ။ ရဲ‌ကင်း‌တွေမှာ ရဲမရှိတော့ဘူး။ ပင်မစခန်းမှာပေါင်းနေကြတာ” ဟု ၎င်းကဆက်ပြောသည်။

People's Spring
People's Spring

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ထီးချိုင့်မြို့နယ်မောင်းကုန်းကျေးရွာနယ်မြေရဲစခန်းတွင် စစ်ကောင်စီအင်အား ၁၀၀ခန့် တပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကသာနှင့် ထီးချိုင့်သွားလမ်းပေါ်မှ မောင်းကုန်းကျေးရွာနယ်မြေရဲစခန်းတွင် ယမန်နေ့(စက်တင်ဘာ ၈)မှစ၍ ရောက်လာပြီး တပ်စွဲထားသည်ဟု မျက်မြင်တွေ့သည့်ဒေသခံအချို့ကပြောသည်။

“အခုတပ်စွဲထားတာ စစ်သားတွေ။ ရဲ‌ကင်း‌တွေမှာ ရဲမရှိတော့ဘူး။ ပင်မစခန်းမှာပေါင်းနေကြတာ” ဟု ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသ ကသာ၊ ထီးချိုင့်နှင့်ကောလင်းမြို့နယ်တို့တွင် KIAနှင့်ဒေသခံ PDF ပူးပေါင်းကာ လက်နက်စွဲကိုင်အဖွဲ့တို့ က ခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook