Connect with us

Hi, what are you looking for?

News

NLD အစိုးရက သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်ကို စစ်ကောင်စီပြန်ပြောင်း

စစ်ကောင်စီ က ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တဲ့ ဘဏ္ဍာရေးနှစ်ကာလသတ်မှတ်ချက် ကတော့ ဘဏ္ဍာရေးနှစ် တနှစ်ကို နှစ်စဉ် ဧပြီလ ၁ရက်မှာ စတင်ပြီး မတ်လ ၃၁ ရက်မှာ အဆုံးသတ်မှာပါ။

NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကာလ သတ်မှတ်ချက်ကို စစ်ကောင်စီ က ပြန်လည်ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

ဒီလို ပြောင်းလဲပြင်ဆင်ဖို့အတွက်ကြိုးပမ်းနေတာကို အာဏာသိမ်းပြီး လပိုင်းအကြာ ဇွန်လ အတွင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့တာရှိပါတယ်။

အဲဒီနောက်ဘဏ္ဍာရေးနှစ်ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တာကို စစ်ကောင်စီရဲ့ဗဟိုဘဏ်က ဘဏ်တွေ၊ငွေကြေးကုမ္ပဏီတွေ ၊ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို မနေ့က စက်တင်ဘာလ ၇ ရက်ရက်စွဲနဲ့ အကြောင်းကြားလိုက်တာပါ။

စစ်ကောင်စီ က ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တဲ့ ဘဏ္ဍာရေးနှစ်ကာလသတ်မှတ်ချက် ကတော့ ဘဏ္ဍာရေးနှစ် တနှစ်ကို နှစ်စဉ် ဧပြီလ ၁ရက်မှာ စတင်ပြီး မတ်လ ၃၁ ရက်မှာ အဆုံးသတ်မှာပါ။

Public Service Announcement

Public Service Announcement

ဒီလိုပြောင်းလဲမယ့် ဘဏ္ဍာနှစ်ကို လာမယ့် ၂၀၂၂ − ၂၀၂၃ ဘဏ္ဍာနှစ်ကနေ စတင်မှာလည်းဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီက ပြန်ပြောင်းတဲ့ ဘဏ္ဍာနှစ်ပြောင်းလဲပြင်ဆင်သတ်မှတ်ချက်ဟာ NLD အစိုးရ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက မြန်မာနိုင်ငံမှာ သုံးလာတဲ့ ပုံစံအတိုင်းပဲဖြစ်ပါတယ်။

NLD အစိုးရတက်လာပြီး တဲ့နောက် ဒီပုံစံဟောင်းကနေ ခွဲထွက်ကာ ၂၀၁၈ −၁၉ က စတင်ပြီး ဘဏ္ဍာနှစ်ကို နိုင်ငံရဲ့ရာသီဥတုအချိန်အခါနဲ့ ကိုက်ညီမှုရှိအောင် အောက်တိုဘာလ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်လိုက်တာပါ။

ဒီလိုဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်တာဟာ ဘဏ္ဍာနှစ်စတဲ့အချိန်ဟာ ပွင့်လင်းရာသီဖြစ်တာမို့ လုပ်ငန်းတွေအရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်တာ ၊ တိုင်းပြည်ရဲ့စီးပွားရေးပိုကောင်းအောင် ရည်ရွယ်တာလို့ အဲဒီတုန်းက NLD အစိုးရတာဝန်ရှိသူတွေပြောခဲ့ပါတယ်။

ဒါပေမယ့် NLD အစိုးရ ရဲ့ ဘဏ္ဍာနှစ်သတ်မှတ်ချက်ကို စစ်ကောင်စီဟာ ပြန်လည်ပြောင်းလဲလိုက်ပါတယ်။

ဒီလိုပြောင်းလဲတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားလုပ်တဲ့ နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေစနိုင်မယ့် ကာလအမီတောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်ဖို့ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာရှိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အချို့ကတော့ ဘဏ္ဍာနှစ်ကို မကြာခဏ ပြောင်းလဲတာဟာ အခုလို နိုင်ငံရေးမတည်မငြိမ် နဲ့ စီးပွားရေးကျနေတဲ့ကာလမှာ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲတစ်ခု ထပ်ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။

ကမ္ဘာမှာ နိုင်ငံအများစုဟာ ဘဏ္ဍာနှစ်ကို ပြက္ခဒိန်အတိုင်း ဇန်နဝါရီလကစကာ ဒီဇင်ဘာမှာ အဆုံးသတ်တဲ့ပုံစံနဲ့ သတ်မှတ်ကြပေမယ့် မြန်မာအပါအဝင် နိုင်ငံတချို့ကတော့ဘဏ္ဍာနှစ်ကို နိုင်ငံရဲ့ ရာသီဥတု နဲ့ ကိုက်ညီတဲ့ အချိန်ကို သတ်မှတ်ကြလေ့ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။