Connect with us

Hi, what are you looking for?

News

သရက်ချောင်းနှင့်လောင်းလုံးမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ခြောက်ဦးသေ၊ ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းသေ

သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာတွင် စက်တင်ဘာ၇ရက်က တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦး သေဆုံးကာ၊သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

People's Spring
People's Spring

တနသ်ာရီတိုင်းသရက်ချောင်းမြို့နယ်နှင့်လောင်းလုံးမြို့ နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သောDawei People Defense Alliance-DPDA တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး၊ပျူစောထီးခေါင်း ဆောင်တစ်ဦးလည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း DPDA က ထုတ်ပြန် သည်။

ထားဝယ်ခရိုင်အတွင်းရှိ သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်း စက်တင်ဘာ ၇ရက်မှ၉ရက်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သုတ်သင်ရှင်းလင်းနိုင်သည့်အခြေအနေကို DPDA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့(စက်တင်ဘာ ၁၀)သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများတွင် DPDA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟုလည်း ဆိုသည်။

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးကျေးရွာတွင်စက်တင်ဘာ ၉ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးအဖွဲ့ဝင်များနှင့် တိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်တစ်ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး M-16 မောင်းပြန်ရိုင်ဖယ်တစ်လက်နှင့် ပစ္စတိုတစ်လက်အား သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာတွင် စက်တင်ဘာ၇ရက်က တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦး သေဆုံးကာ၊သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

တောင်ပျောက်ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူတစ်ဦး၏အိမ်ကို မီးရှို့ခဲ့ပြီး အခြားပြည်သူတစ်ဦး၏အိမ်မှ ကျပ် ၁၂သိန်း နှင့် ဆန်အိမ်များကို လုယူသွားခဲ့‌ကြောင်းနှင့်အပြစ်မဲ့ပြည်သူခုနှစ်ဦးကိုဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင်တွင်အခြေစိုက်သော Dawei People Defense Alliance သည် လူထုထောက်ခံမှုကိုအပြည့်ဝရရှိထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် ဒေသခံများကလည်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။