Connect with us

Hi, what are you looking for?

News

ဂန့်ဂေါရှိကျေးရွာအချို့အား စစ်ကောင်စီတပ်ဝင်ရောက်တိုက်ခိုက်၍ ကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များ ကျဆုံး

စစ်ကောင်စီတပ်မှ အင်အား ၅၀ ခန့်သည် စက်တင်ဘာ ၉ရက်က မြင်သားရွာသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာ၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထို့နောက် ရွာတောင်ပိုင်းရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံက ပြောသည်။

ဂန့်ဂေါမြို့နယ်ရှိ မြင်သား၊ သာလင်း၊ နှမ်းခါး စသည့် ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံကျေးရွာကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ခဲ့၍ မြင်သားရွာမှ ၁၀ဦးကျော်အပါအဝင် ရွာသူ၊ရွာသားများ သေဆုံးခဲ့ကြောင်း မြင်သားရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ အင်အား ၅၀ ခန့်သည် စက်တင်ဘာ ၉ရက်က မြင်သားရွာသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာ၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထို့နောက် ရွာတောင်ပိုင်းရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံက ပြောသည်။

“ကျေးရွာကာကွယ်ရေး အဖွဲ့ဖွဲ့ထားတဲ့ ကလေးတွေနဲ့ထိတွေ့မှု ဖြစ်ပါတယ်။နံနက် ၁၀နာရီကနေ ညနေ ၃နာရီလောက်ထိပါ။ (ကျဆုံး)ကလေးတွေ ကနဦး ၁၁ဦးပဲ သိရပြီး အတည်မပြုနိုင်ခဲ့ပါဘူး”ဟု မြင်သားဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ယနေ့မနက်တွင်လည်း မြင်သားရွာရှိ နေအိမ်များကို ဆက်လက်မီးရှို့ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အခြားဒေသခံ အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံများ၏ အလောင်း ၁၆လောင်း ရှိပြီး နေအိမ် အလုံး ၂၀ မီးလောင်ခဲ့ကြောင်း ပြောသည်။

ကျဆုံးလူငယ်များကို ရွာသူရွာသားများက မီးသင်္ဂြိုလ်ရန် ပြင်ဆင်နေကြောင်း မြင်သားရွာသူတစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သည် မြင်သားရွာအနီးရှိ သာလင်းနှင့် နှမ်းခါးရွာဘက်သို့ ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“ သာလင်းရွာမှာ အရပ်သားဆယ်ယောက် အသက်ခံရတယ်လို့ ကြားရတယ်။ ရပ်ရွာလုံခြုံရေ ဖွဲ့ထားတဲ့ လူငယ်တွေအသက်ခံရတာတဲ့။ ရွာဒလန်က စစ်တပ်ကို ခေါ်လာလို့ ဖြစ်တာလို့သိရတယ်”ဟု မကွေးတိုင်း ဒေသခံတစ်ဦးက ပြောသည်။

နှမ်းခါးရွာတွင်မူ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ ယနေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။

“နှမ်းခါးဘက်မှ ချနေတာ။ ကား ၂စီးတော့ မိုင်းကွဲသွားတယ်လို့ ပြောတယ်။ မိုင်းမိတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့ပြင် စစ်ကောင်စီတပ်က ဆန်စက်ကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု ကြားရကြောင်း ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

Facebook