Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ မြင်သားရွာသတ်ဖြတ်မှုတွင် သက်ကြီးရွယ်အိုနှင့် ကျောင်းသားလူငယ်များ အပါအဝင် ၁၇ဦး အသက်ဆုံးရှုံး

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့မှ လူငယ် ၁၀ဦးနေရာ၌ပင် ကျဆုံးခဲ့ပြီး ကျေးရွာအတွင်း၌ ကြိုးတုပ်ပြီး ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသည့် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် ၇ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြင်သားရွာသူတစ်ဦးက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာ၌ စစ်ကောင် စီက ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့၍ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အိုနှင့် အခြေခံပညာကျောင်းသားလူငယ်အများအပြားသေဆုံးခဲ့ရ ကြောင်းမြင်သားရွာခံအချို့က ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ရက်တွင် မြင်သားရွာသို့ ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကျေးရွာလုံခြုံရေးလူငယ်အဖွဲ့က တူမီးသေနတ်ဖြင့် ပြန်လည်ခုခံခဲ့ရာ နာရီဝက်ကျော်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ရွာခံကပြောသည်။ ထိုသို့ ပစ်ခတ်မှုဖြစ်ပွား၍ ရွာသူရွာသားများလည်း တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုဆိုသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့မှ လူငယ် ၁၀ဦးနေရာ၌ပင် ကျဆုံးခဲ့ပြီး ကျေးရွာအတွင်း၌ ကြိုးတုပ်ပြီး ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသည့် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် ၇ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြင်သားရွာသူတစ်ဦးက ပြောသည်။

“အဒေါ်တစ်ယောက်ဆိုရင် သူက လင်မယားနှစ်ယောက်ကျန်ခဲ့တာ။ သူကဒုက္ခိတ။ လမ်းမလျှောက်နိုင်ဘူး။ သူ့ယောကျ်ားက သူ့ကို စောင့်ရှောက်မယ်ဆိုပြီးနေရင်းနဲ့ အဲဒီသူကအသက်ခံလိုက်ရတာ။ ဦးရန်အေး အသက်ခံလိုက်ရတာ။ လက်ပြန်ကြိုးတုပ်ပြီးသတ်သွားတဲ့ အဖိုးဆိုရင်သူဆိုရင် အသက် ၈၀ ကျော်ပြီ။ မျက်စိမမြင်ဘူး နားမကြားဘူး သူ့ကို သတ်ပြီး အိမ်ရောပါ မီးရှို့သွားတာ” ဟု မြင်သားရွာခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိနေအိမ်များကို မွှေနှောက်ပြီး ပစ္စည်းများယူဆောင်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းတို့လုပ်ဆောင်ခဲ့၍ နေအိမ် ၂၀ ခန့် မီးလောင်ခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခဲ့၍ ကျဆုံးခဲ့သည့် လူငယ်အများစုသည် အသက် ၁၆နှစ်အရွယ်ကလေးငယ် အပါအဝင် အများစုမှာ အသက် ၁၈နှစ်အောက် ကျောင်းသားများ ဖြစ်သည်ဟု မြင်သားရွာခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မြင်သား ရွာသာမကသာလင်း၊ နှမ်းခါးစသည့် အနီးတ၀ိုက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။