Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ရှိ ဘက်စ်ကားမှတ်တိုင်များ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပိုစတာများချိတ်ဆွဲဆန္ဒပြ

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၁၆ ရက်)တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူငယ်များက ဘက်စ်ကားမှတ်တိုင်များ၌ ပိုစတာများ ချိတ်ဆွဲဆန္ဒပြခဲ့ကြသည်။

”ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူ့ရင်ခွင် ခိုလှုံကြ ” ၊ ”စစ်ကျွန်ဘဝ လွတ်မြောက်ရေး ပြည်သူအားလုံးပါဝင်ပေး”စသည့် ပိုစတာများကို လုံခြုံ‌ရေးတင်းကြပ်သည့်ကြားက ဘက်စ်ကားမှတ်တိုင်များ၌ ချိတ်ဆွဲဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။