Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ် ကံသစ်ရွာတွင် ပျူစောထီးတစ်ဦးအသတ်ခံရ၍ စစ်ကောင်စီတပ် ရွာတွင်သောင်းကျန်း

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကံသစ်ရွာမှ အသက်၃၀ ဝန်းကျင် ကိုထွန်းမြင့်နိုင်ဆိုသူအား စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကံသစ်ရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟု လူသိများနေသူ အမျိုးသားတစ်ဦး အသတ်ခံရ၍ စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသေနတ်ဖြင့် ပစ်ခတ်သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့( စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းက ခင်ဦးမြို့နယ် ကံသစ်ရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးအား လူတစ်စုက လာရောက်သတ် ဖြတ်သွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ထိုအပြင်ကျေးရွာမှပြည်သူ ၁၅ဦးဝန်းကျင် ဖမ်းဆီးခံရပြီး၊ဖမ်းဆီးခံရသူများအနက် အသက်မပြည့်သေးသော ကလေးငယ်များလည်း ပါဝင်နေကြောင်း ခင်ဦးဒေသခံအချို့က ပြောသည်။

(မေလအတွင်းက ခင်ဦးမြို့နယ် ကျေးရွာများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ-CJ)

“တွေ့သမျှအကုန်ဖမ်းနေတယ်။ ရွာထဲလည်းပစ်တယ်။ ဖမ်းထားတဲ့သူတွေကို ကံသစ်အရှေ့ဇရပ်မှာ စစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကံသစ်ရွာမှ အသက်၃၀ ဝန်းကျင် ကိုထွန်းမြင့်နိုင်ဆိုသူအား စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကံသစ်ကျေးရွာတွင် လွန်ခဲ့သည့် မေလ ၃ ရက်နေ့ညပိုင်းက စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်၌ လက်လုပ် ဗုံးပေါက်ကွဲခဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။