Connect with us

Hi, what are you looking for?

News

CDM လုပ်လိုသော တပ်မတော်သား၊ ရဲဌာနဆိုင်ရာလူကြီးများအတွက်လုံခြုံရေး၊ကျန်းမာရေး၊ စားဝတ်နေရေးတာဝန်ယူမည်ဟု CDF ထပ်မံဖိတ်ခေါ်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများ၏ ခုခံစစ်စတင်ကြောင်း ကြေညာပြီးတစ်ပါတ်အတွင်း ချင်းပြည်နယ်တွင် CDM ပြုလုပ်သော တပ်မတော်သားနှင့်ရဲ ၁၀၀ ကျော်ရှိလာကြောင်းလည်းသိ့ရသည်။

CDM လှုပ်ရှားမှုတွင်ပါဝင်ရန် ဆန္ဒရှိသော တပ်မတော်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာလူကြီးများအား လုံခြုံရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးများကို တာဝန်ယူမည့် အပြင် လက်နက်ယူဆောင်လာပါက ဆုကြေးငွေများလည်း ချီးမြှင့်မည်ဖြစ်ကြောင်း CDF က အသိပေးကြေညာသည်။

မင်းအောင်လှိုင်နှင့် ၎င်း၏စစ်ဗိုလ်များသည် မိမိကိုယ်ကျိုးစီးပွားအတွက် ပြည်သူများထံမှ အကြမ်းဖက်အာဏာလုယူကာ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မတရား သတ်ဖြတ်လုယက်ဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုများကို နိုင်ငံသားတာဝန်သိစိတ်အပြည့်ဖြင့် ဖီဆန်ကာ ပြည်သူများနှင့် လာရောက်ပူးပေါင်းလိုသော တပ်မတော်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာ လူကြီးမင်းများအား နွေးထွေးစွာကြိုဆိုကြောင်း စက်တင်ဘာ၁၆ ရက်နေ့ကထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။

တပ်မတော်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာလူကြီးများအနေဖြင့် ပြည်သူများနှင့် လာရောက်ပူးပေါင်းပြီး CDM ဝင်မည်မည်ဆိုပါကမိသားစုဝင်အားလုံးအတွက် လိုအပ်သော လုံခြုံရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများရရှိမည်ဖြစ်ပြီး လက်နက်ငယ်နှင့်ကျည်ဆံများတစ်ပါတည်း ယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း (၅၀)၊ လက်နက်ကြီးနှင့်ကျည်ဆံများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း (၁၀၀) ၊ပြည်သူများပိုင်သည့် ဌာနဆိုင်ရာကားများ တစ်ပါတည်းယူဆောင်လာနိုင်ပါက သိန်း (၅၀)စသဖြင့် ဆုကြေးငွေ အသီးသီးကို လက်ငင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။ CDF က သြဂုတ်လကလည်း CDM ပြုလုပ်လိုသော တပ်မတော်သားနှင့်ရဲများကို လက်နက်နှင့်အတူ လာပါကလုံခြုံရေး တာဝန်ယူ
သည့်အပြင် ဆုကြေးပါချီးမြှင့်မည်ဖြစ်ကြောင်းဖိတ်ခေါ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများ၏ ခုခံစစ်စတင်ကြောင်း ကြေညာပြီးတစ်ပါတ်အတွင်း ချင်းပြည်နယ်တွင် CDM ပြုလုပ်သော တပ်မတော်သားနှင့်ရဲ ၁၀၀ ကျော်ရှိလာကြောင်းလည်းသိ့ရသည်။

Public Service Announcement

Public Service Announcement

တပ်မတော်သား၊ ရဲသားနှင့်ဌာနဆိုင်ရာလူကြီးများ အနေဖြင့် CDM ဝင်ရောက်မည် ဆိုပါက
Chinland Defense Force – Hakha ဆက်သွယ်ရန်ဖုန်း – +9509764650024, +918731058986သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။