Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားအချို့ဒဏ်ရာရ

“ကုန်းသာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရွာသားတစ်ယောက်လက်နက်ကြီး ကျည်စထိမှန်တာတော့ရှိတယ်။ ဒီနေ့ကတော့ ဒေါပိုးစီနားတစ်၀ိုက်ကတော့ တိုက်ပွဲဖြစ်တယ်။ လွိုင်ကော်အထွက် အဲဒီနားတစ်၀ိုက်မှာ ဖြစ်တာ”ဟု ၎င်း ကဆိုသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ယနေ့ စက်တင်ဘာ ၂၀ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော သည်။

“ကုန်းသာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရွာသားတစ်ယောက်လက်နက်ကြီး ကျည်စထိမှန်တာတော့ရှိတယ်။ ဒီနေ့ကတော့ ဒေါပိုးစီနားတစ်၀ိုက်ကတော့ တိုက်ပွဲဖြစ်တယ်။ လွိုင်ကော်အထွက် အဲဒီနားတစ်၀ိုက်မှာ ဖြစ်တာ”ဟု ၎င်း ကဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ သတင်းနှင့် ပြန်ကြားရေးဌာန KNIC ကလည်း ယနေ့ နေ့လည်ပိုင်း၌ ဒီးမော့ဆိုမြို့နယ် ၆မိုင် အနီးတ၀ိုက်၌ အကြမ်းဖက်စစ်ကောင်စီ နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။ တိုက်ပွဲ၌ KPDF ဘက်မှ ၁ဦး ကျဆုံးကာ ၄ဦး ဒဏ်ရာရပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီ ကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။