Connect with us

Hi, what are you looking for?

News

အင်းတော်မြို့နယ်မှ ပြည်သူ ၁၀ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီး မိသားစုကိုပါတွေ့ခွင့်မပြု

“တစ်ရက်တည်းမှာ ဆယ်ယောက်အဖမ်းခံရတယ်။ ဒီနေ့အထိ မိဘတွေနဲ့ အတွေ့မခံဘူး”ဟု ဒေသခံတစ်ဦးက ယနေ့(စက်တင်ဘာ ၂၀)တွင် ပြောသည်။

People's Spring
People's Spring

အင်းတော်မြို့နယ်တွင် အမျိုးသမီးအချို့အပါအဝင် ပြည်သူဆယ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားသည်မှာ သုံးရက်ကြာသည့်တိုင်မိသားစုနှင့် တွေ့ခွင့်မပေးသေးဘဲ အဆက်အသွယ်ပြတ်‌တောက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက်မှ ကျန်းမာ‌‌ရေးဝန်ထမ်းအမျိုးသမီး၊ ကျူရှင်ဆရာမတစ်ဦးနှင့် အမျိုးသား ရှစ်ဦးကို အကြမ်း ဖက်စစ်ကောင်စီက စက်တင်ဘာ ၁၈ ရက်‌ညတွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“တစ်ရက်တည်းမှာ ဆယ်ယောက်အဖမ်းခံရတယ်။ ဒီနေ့အထိ မိဘတွေနဲ့ အတွေ့မခံဘူး”ဟု ဒေသခံတစ်ဦးက ယနေ့(စက်တင်ဘာ ၂၀)တွင် ပြောသည်။

ဖမ်းဆီးခံရသူအချို့သည် PDFနှင့် အဆက်အသွယ်ရှိနေသည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲထားသည့်သတင်းကို စစ်ကောက်စီ ကျောထောက်နောက်ခံ မီဒီယာအချို့ကရေးသားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

” PDFလူငယ်တွေနဲ့ လုံးဝအဆက်အသွယ်ရှိသူတွေမဟုတ်ဘူး။အိမ်မှာ ငါးပိ့ဗူးတွေ့တယ်ဆိုပြီး ဖမ်းတာလို့ ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ်တွင်း ထင်ရာစိုင်းနေသည်ဟု ဒေသခံများကပြောသည်။

” နေ့တိုင်း၊ ညတိုင်း မွှေတယ်။ ပစ္စည်းတွေယူတယ်။ မိုက်ကြေးခွဲတာလည်း နေ့တိုင်း”ဟု စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်းတော်မြို့နယ်နှင့် ထိစပ်နေသော ကသာ၊ကောလင်းနှင့် ထီးချိုင့်မြို့တို့တွင်
အကြမ်းဖက်စစ်ကောင်စီက ဖိနှိပ်နေသော်လည်း စစ်အားနာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။