Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းတော်မြို့နယ်မှ ပြည်သူ ၁၀ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီး မိသားစုကိုပါတွေ့ခွင့်မပြု

“တစ်ရက်တည်းမှာ ဆယ်ယောက်အဖမ်းခံရတယ်။ ဒီနေ့အထိ မိဘတွေနဲ့ အတွေ့မခံဘူး”ဟု ဒေသခံတစ်ဦးက ယနေ့(စက်တင်ဘာ ၂၀)တွင် ပြောသည်။

People's Spring
People's Spring

အင်းတော်မြို့နယ်တွင် အမျိုးသမီးအချို့အပါအဝင် ပြည်သူဆယ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားသည်မှာ သုံးရက်ကြာသည့်တိုင်မိသားစုနှင့် တွေ့ခွင့်မပေးသေးဘဲ အဆက်အသွယ်ပြတ်‌တောက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက်မှ ကျန်းမာ‌‌ရေးဝန်ထမ်းအမျိုးသမီး၊ ကျူရှင်ဆရာမတစ်ဦးနှင့် အမျိုးသား ရှစ်ဦးကို အကြမ်း ဖက်စစ်ကောင်စီက စက်တင်ဘာ ၁၈ ရက်‌ညတွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“တစ်ရက်တည်းမှာ ဆယ်ယောက်အဖမ်းခံရတယ်။ ဒီနေ့အထိ မိဘတွေနဲ့ အတွေ့မခံဘူး”ဟု ဒေသခံတစ်ဦးက ယနေ့(စက်တင်ဘာ ၂၀)တွင် ပြောသည်။

ဖမ်းဆီးခံရသူအချို့သည် PDFနှင့် အဆက်အသွယ်ရှိနေသည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲထားသည့်သတင်းကို စစ်ကောက်စီ ကျောထောက်နောက်ခံ မီဒီယာအချို့ကရေးသားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

” PDFလူငယ်တွေနဲ့ လုံးဝအဆက်အသွယ်ရှိသူတွေမဟုတ်ဘူး။အိမ်မှာ ငါးပိ့ဗူးတွေ့တယ်ဆိုပြီး ဖမ်းတာလို့ ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ်တွင်း ထင်ရာစိုင်းနေသည်ဟု ဒေသခံများကပြောသည်။

” နေ့တိုင်း၊ ညတိုင်း မွှေတယ်။ ပစ္စည်းတွေယူတယ်။ မိုက်ကြေးခွဲတာလည်း နေ့တိုင်း”ဟု စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်းတော်မြို့နယ်နှင့် ထိစပ်နေသော ကသာ၊ကောလင်းနှင့် ထီးချိုင့်မြို့တို့တွင်
အကြမ်းဖက်စစ်ကောင်စီက ဖိနှိပ်နေသော်လည်း စစ်အားနာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။