Connect with us

Hi, what are you looking for?

News

ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့သော်လည်း လောင်းလုံးမြို့နယ်အတွင်း ဆက်လက်ဆန္ဒပြ

လက်ရှိအချိန်တွင် လောင်းလုံးမြို့နယ်အတွင်း ဒေသအချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ကျော်ဖြင့် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဆန္ဒပြလူငယ်များအား ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း ယနေ့(စက်တင်ဘာလ ၂၁ ရက်)နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာ ၁၉ရက်တွင်ကလည်း လောင်းလုံးမြို့နယ်အတွင်း သပိတ်စစ်ကြောင်းအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သပိတ်လိုက်ပါသူများ၏ ဆိုင်ကယ် (၁၇)စီးအား မတရားလုယူသွားခဲ့သည်။

လက်ရှိအချိန်တွင် လောင်းလုံးမြို့နယ်အတွင်း ဒေသအချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ကျော်ဖြင့် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook