အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးမစီးဝင်ဖို့အတွက် ‘သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု’ အွန်လိုင်း ဆန္ဒထုတ်ဖော်ပွဲကို လာမယ့် စက်တင်ဘာ၂၅ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်သွားမယ်လို့ Blood Money-သွေးစွန်းငွေ စာမျက်နှာက ထုတ်ပြန်ပါတယ်။
အဲဒီအွန်လိုင်းဆန္ဒထုတ်ဖော်ပွဲကို ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်နှာတွေက Blood Money Campaign ရဲ့ တောင်းဆိုချက်စာသားများဖြစ်စေ၊ ပြည်သူ များရဲ့ ကိုယ်ပိုင်တောင်း ဆိုချက် စာသားများဖြစ်စေ ရေးသားကာ ပူးပေါင်းပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ သဘာ၀ဓာတ်ငွေနဲ့ ရေနံလုပ်ကွက်တွေကနေ အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးစီးဝင်စေနေတဲ့ နိုင်ငံတကာ Total နဲ့ Chevron ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် အဲဒီကုမ္ပဏီတွေရဲ့ စာမျက်နှာတွေကို @ နဲ့ metion(ဖော်ပြ)ပေးဖို့လည်း နှိုးဆော်ထားပါတယ်။
Blood Money Campaign ရဲ့ တောင်းဆိုချက်စာသားတွေကတော့ ‘Total, Chevron Corporations are responsible for all war crimes in Myanmar.’ ၊ ‘Total, Chevron သည် မြန်မာနိုင်ငံအတွင်း စစ်ရာဇ ဝတ်မှုများ အားလုံးအတွက် တာဝန်ရှိသည်။’ ၊ ‘Total, Chevron – Stop accessory to murder’ ၊ ‘Total, Chevron – စစ်ရာဇဝတ်မှုနဲ့ စစ်တပ်လူသတ်မှုတွေ အလိုတူအလိုပါ ပါဝင်နေတာ ချက်ချင်းရပ်။’ ၊ ‘ Total, Chevron – Freeze all payments to MOGE until the civilian government.’ ၊ ‘Total, Chevron – MOGE ထံပေးချေရမယ့်ငွေတွေကို ပြည်သူ့အစိုးရမတက်မချင်း ဆိုင်းငံ့ထား’ တို့ဖြစ်ပါတယ်။

Public Service Announcement




















































