Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးအပေါ် နိုင်ငံတကာရဲ့ အရေးယူလုပ်ဆောင်တဲ့ပုံစံပြောင်းလဲဖို့ ကုလအထူးအစီရင်ခံစာ တင်သွင်းသူတိုက်တွန်း

“နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ လိုအပ်နေသူတွေထံ အသက်ကယ်ဆယ်ရေးအကူအညီတွေအသေအချာရောက်ရှိ ဖို့ ခိုင်မာတဲ့ကတိကဝတ်တွေလုပ်ဆောင်ရပါမယ်” လို့ Tom Andrews က ကောင်စီကို ပြောပါတယ်။

မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့လက်ရှိကြိုးပမ်းမှုတွေဟာ မအောင်မြင်ကြောင်းနဲ့ လုပ်ဆောင်ပုံ ပြောင်းလဲဖို့လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံ စာတင်သွင်းသူက မနေ့က တိုက်တွန်းပြောကြားပါတယ်။

ကျင်းပနေဆဲ ၄၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မြန်မာ့အရေးနဲ့ပတ်သက်လို့ အစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့အခြေအနေက ဆိုးရွားလာနေတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ လိုအပ်နေသူတွေထံ အသက်ကယ်ဆယ်ရေးအကူအညီတွေအသေအချာရောက်ရှိ ဖို့ ခိုင်မာတဲ့ကတိကဝတ်တွေလုပ်ဆောင်ရပါမယ်” လို့ Tom Andrews က ကောင်စီကို ပြောပါတယ်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းချိန်ကစလို့ စစ်တပ်နဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်၊ ၈၀၀၀ ကျော်ကို တရားလက်လွှတ်ဖမ်းဆီးခဲ့တယ်၊ အရပ်သားပြည် သူ ၂၃၀၀၀၀ ကျော်ကို အတင်းအဓမ္မနေရပ်စွန့်ခွာစေတယ်၊ ဒါကြောင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူဟာ သန်းတစ်ဝက်လောက်ရှိနေပြီလို့ အထူးအစီရင်ခံစာတင်သွင်းသူက အဖွဲ့ဝင် ၄၈ နိုင်ငံပါ လူ့အခွင့်အရေးကောင်စီ ကို အစီရင်ခံပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမပေါ်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ သူတို့နေအိမ်မှာ နေ နေတဲ့အရပ်သားတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ သေစေနိုင်သည်အထိ ရိုက်နက်တာနဲ့ သေစေနိုင်သည်အထိ ညှင်းပန်းနှိပ်စက်တာ တွေကိုလည်း Tom Andrews က ထည့်သွင်းပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ဗုံးကြဲတာ၊ လက်နက်ကြီးဒုံးတွေအသုံးပြုတာနဲ့ စက်သေနက်တွေ အသုံးပြုတာ တွေနဲ့ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ အကြမ်းဖက်ဝင်ရောက်စီးနင်းတာ၊ ရွာလုံးကျွတ်မီးရှို့ တာ၊ အရပ်သားတွေကို အတင်းအကျပ် ပေါ်တာဆွဲတာ၊ လူသားတံတိုင်းအဖြစ် အသုံးပြုတာ စတဲ့ အချက်တွေ ကိုလည်း သူက ကောင်စီကို အစီရင်ခံခဲ့ပါတယ်။

ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်တပ်ရဲ့ဖိနှိပ်ထားခြင်းကိုခံနေရတဲ့မြန်မာပြည်သူတွေရဲ့အကျပ်အတည်းကို အသံထွက်ပေးကြဖို့နဲ့ အရေးယူလုပ်ဆောင်ရေး ပြောင်း လဲကူညီဖို့ အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

“အခုအချိန်မှာ အရင်ကထက် မြန်မာပြည်သူတွေဟာ နိုင်ငံတကကာအသိုင်းအဝိုင်းရဲ့ ခိုင်မာ၊ တိကျပြီး ညှိနှိုင်း ဆောင်ရွက်တဲ့အရေးယူမှုတွေကို လိုအပ်နေပါတယ်” လို့ Tom Andrewsက ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို