Connect with us

Hi, what are you looking for?

News

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ဦးကိုစတင်စစ်ဆေး

အမှုကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီမနက် ၁၀ နာရီက စတင်စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကွန့်ဖရန့်ဆင်း နဲ့ ရုံးထုတ်ပြီး ကျန်တဲ့၄ ဦးကိုတော့ လူကိုယ်တိုင် ရုံးထုတ်လာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဓာတ်ပုံ − SeanTurnell FB

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၅ဦးအမှုကို ဒီနေ့ နေပြည်တော်မှာစတင်စစ်ဆေးပါတယ်။ဒီအမှုမှာ စွဲဆိုခံရသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ၊ စီးပွားရေးအကြံပေး ရှောင်တာနယ်၊ အသက် ၈၀ အရွယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ စီမံဘဏ္ဍာစက်မှုဒုဝန်ကြီး ဦးဆက်အောင် တို့ ဖြစ်ပါတယ်။

အမှုကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီမနက် ၁၀ နာရီက စတင်စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကွန့်ဖရန့်ဆင်း နဲ့ ရုံးထုတ်ပြီး ကျန်တဲ့၄ ဦးကိုတော့ လူကိုယ်တိုင် ရုံးထုတ်လာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

အရင်က ဒီအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ထဲမှာ ရှိနေတဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် ၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ စီမံဘဏ္ဍာစက်မှုဒုဝန်ကြီး ဦးဆက်အောင် တို့ကို အဲဒီအချိန်က ဗီဒီယို ကွန်ဖရန့်ဆင်းနဲ့ပဲရုံးထုတ်ခဲ့တာပါ။

“တရားသူကြီးက ဒီအမှု ဟာ သူ့ရုံးကို ရောက်လာပြီဆိုတဲ့အကြောင်း ၊ အမှုတွေကို ကြာသပတေးနေ့တိုင်း ချိန်းမယ်ဆိုတာကိုပြောပြတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ လူကိုယ်တိုင် ရုံးထုတ်လာတဲ့ ရှောင်တာနယ် ၊ ဝန်ကြီး ဦးစိုးဝင်း ၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို ကိုဗစ်အကာအကွယ်တွေနဲ့ ရုံးထုတ်လာပေမယ့် သူတို့ လေးဦး လုံးအရမ်းပင်ပန်းနေပုံပေါက်တယ်လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

အမှုသည်တွေဟာ ရှေ့နေ တွေနဲ့ တွေ့ဆုံခွင့်ကို တောင်းဆိုထားပြီး တွေ့ဆုံခွင့် ပြု မပြုဖို့ကို လာမယ့် ကြာသပတေးနေ့ ရုံးချိန်းမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်တဲ့သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို အာဏာသိမ်းပြီး နောက် ရန်ကုန်က ချက်ထရီယမ်ဟိုတယ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် မစ္စတာ ရှောင်တာနယ်ရဲ့ လက်(ပ်)တော့ နဲ့ စာရွက်စာတမ်းတွေမှာတွေ့ရှိတဲ့ အချက်အလက်တွေအရ သူအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ ပါ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပဲဖြစ်ပါတယ်။

စစ်ကောင်စီက တရားစွဲဆိုတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ၃(၁)(ဂ) ဟာ ကိုလိုနီခေတ် က ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချနိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

မစ္စတာ ရှောင်တာနယ် ဟာ အဲဒီ လျှို့ဝှက်ချက် ဥပဒေအပြင် ဗီဇာစည်းကမ်းချိုးဖောက်တယ်ဆိုပြီး လဝကဥပဒေ နဲ့လည်း တရားစွဲဆိုခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

Facebook