Connect with us

Hi, what are you looking for?

News

ကိုဗစ်ကာကွယ်ဆေး စစ်ကောင်စီကျန်းမာရေးဝန်ထမ်းတွေနဲ့ အုပ်ကြီးတွေလက်ထဲက ရေဖြစ်နေ

တရုတ်ကုန်သည်များအသင်းအစီအမံနဲ့ အခကြေးငွေပေးထိုးရတဲ့ တရုတ်ကာကွယ်ဆေးကို ဆေးရုံနဲ့ကာကွယ်ဆေးစင်တာတွေမှာ ထိုးပေးခဲ့တာရှိပေမယ့် အခုအချိန်မှာတော့ သူတို့သွင်းထားတဲ့ လူဦးရေး ၇ သိန်းစာပြည့်သွားပြီမို့လို့ ထိုးချင်သူတွေအနေနဲ့ စာရင်းပဲပေးထားလို့ရပါတော့တယ်။

ပုံစာ- တရုတ်ကုန်သည်ကြီးများအသင်းက အစီအစဉ်ဖြင့် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေစဉ်

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနအစီအစဥ်နဲ့ထိုးနေတဲ့ကိုဗစ်ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့အသက်အရွယ်အုပ်စုထဲမပါသေးသူတွေ ငွေပေးပြီးထိုးနှံတာတွေရှိနေတယ်လို့သိရပါတယ်။

ပထမအဆင့်က အသက် ၆၅ နှစ်အထက်အရွယ်တွေ ဦးစားပေးထိုးဖို့ကန့်သတ်ထားတာဖြစ်ပြီးအခု အသက် ၅၀ အထက်တွေ စထိုးပေးနေပြီလို့ ကြေညာထားပါတယ်။

ဒါပေမယ့် အပြင်ထွက်အလုပ်လုပ်နေရတဲ့လူငယ်တွေ၊ အလုပ်လိုချက်အရ နဲ့ ခရီးသွားဖို့အတွက် ကာကွယ်ဆေးလက်မှတ်လိုချင်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ကို စစ်ကောင်စီကျန်းမာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှုးတွေကို ငွေပေးထိုးနှံကြရတာရှိတယ်လို့ အဲဒီနည်းနဲ့ ဆေးထိုးထားသူအချို့က ပြောပါတယ်။

“ကျွန်တော်တို့ ကမာရွတ်မှာဆိုရင် လူကြီးတွေသွားထိုးရင်တောင်ပြန်လာရတာတွေရှိတယ်။ First Dose အသစ်ထိုးမယ့်သူအတွက် ဆေးမရောက်သေးလို့ တို့ဘာတို့။ ကျွန်တော်အဒေါ်ဆို အသက် ၆၅ အထက် ကိုယ်တွေ့ပဲ။ ကိုယ့်ရှေ့တင် လူလတ်ပိုင်းအရွယ်တွေတော့ တစ်ယောက်ချင်းတွေရော အဖွဲ့လိုက်တွေရာ ဝင်ထိုးနေကြတာမြင်နေရတာပဲ ” လို့ အဒေါ်ဖြစ်သူအတွက်ကာကွယ်ဆေးထိုးဖို့သွားရင်း ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုံစာ- တရုတ်ကုန်သည်ကြီးများအသင်းက အစီအစဉ်ဖြင့် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေစဉ်

တရုတ်ကုန်သည်များအသင်းအစီအမံနဲ့ အခကြေးငွေပေးထိုးရတဲ့ တရုတ်ကာကွယ်ဆေးကို ဆေးရုံနဲ့ကာကွယ်ဆေးစင်တာတွေမှာ ထိုးပေးခဲ့တာရှိပေမယ့် အခုအချိန်မှာတော့ သူတို့သွင်းထားတဲ့ လူဦးရေး ၇ သိန်းစာပြည့်သွားပြီမို့လို့ ထိုးချင်သူတွေအနေနဲ့ စာရင်းပဲပေးထားလို့ရပါတော့တယ်။

မန္တလေးတိုင်းထဲက မြို့နယ်တစ်ခုမှာတော့ တရုတ်ကာကွယ်ဆေးကို စစ်ကောင်စီကျန်းမာရေးဝန်ထမ်းကတဆင့် နှစ်ကြိမ်စာအတွက် ကျပ် တစ်သိန်းပေးထိုးခဲ့ရတယ်လို့ ကိုယ်တိုင်ထိုးနှံခဲ့တဲ့ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးတဲ့တရားဝင်လက်မှတ်ကိုလည်း ရခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ- တရုတ်ကုန်သည်ကြီးများအသင်းက အစီအစဉ်ဖြင့် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေစဉ်

စမ်းချောင်းမြို့နယ်အတွင်းမှာနေထိုင်ပြီး အသက် ၈၀ ကျော်မိဘနှစ်ပါးကို ရပ်ကွက်မှာ သွားထိုးပေမယ့် အငြင်းခံရတဲ့ အမျိုးသမီးတစ်ဦီးက အခုလိုပဲပြောပြပါတယ်။

” ခုက ဒုတိယအကြိမ်ထိုးပေးနေတာ။ ပထမအကြိမ်တွေထိုးတုန်းက ဘာလို့မလာလဲပေ့ါ။ ကျွန်မတို့ တစ်အိမ်လုံး ကိုဗစ်ဖြစ်နေတော့ လူကြီးတွေလည်း ခွဲထားရနဲ့မလာနိုင်ခဲ့တာပါ ရှင်းပြလည်းမရတော့ အပြင်မှာထိုးဖို့ပဲ အသည်းအသန်လိုက်ရှာနေရတယ်။ တကယ်ဆို ၈၀ ကျော်တွေက တကယ့်ဦးစားပေးတောင်ဖြစ်ရမှာ ” လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

ပြည့်သူငွေနဲ့ဝယ်ထားတဲ့ အဲဒီကာကွယ်ဆေးတွေ ထိုးနှံခွင့်က စစ်ကောင်စီကျန်းမာရေးဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှုးတွေလက်ထဲမှာပဲ ရှိနေတာဖြစ်ပါတယ်။

ပုံစာ- တရုတ်ကုန်သည်ကြီးများအသင်းက အစီအစဉ်ဖြင့် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေစဉ်

“သူတို့သတ်မှတ်ထားတဲ့အသက်မဟုတ်ပေမယ့် အုပ်ကြီးကို ၃၀၀၀၀ ပေးပြီးစာရင်းထည့်လိုက်တယ်။ သူပြောတဲ့နေ့သွားထိုးလိုက်ယုံပဲ။ တစ်ချို့ ၂၀၀၀၀၊ ၃၀၀၀၀ ပေးပြီး အဲလိုပဲစာရင်းထည့်ခိုင်းနေတာတွေရှိတယ် ” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ငွေပေးပြီးဆေးထိုးခဲ့တဲ့ လှိုင်မြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦီးက ပြောပါတယ်။

နယ်မြို့တွေမှာဆိုရင် ကြေညာတာမျိုးတောင်မရှိဘဲ တိုးတိုးတိတ်တိတ်ပဲ ထိုးပေးနေတာမျိုးဖြစ်တယ်လို့ ပြည်မြို့ခံတစ်ဦီးက ပြောပါတယ်။

” ကျွန်တော်တို့အနားက မြို့လေးတွမှာဆိုရင် သူတို့တွေပဲ အချင်းချင်း အရွယ်မရွေးထိုးပေးနေကြတာ။ အပြင်လူက နဂိုထဲက သူတို့နဲ့က မပတ်သက်ချင်တာကြောင့်ရော ကြေလည်းမကြေညာတော့ သွားမထိုးကြဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံကပဲ တင်သွင်းနေပြီး Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်ကာကွယ်ဆေးထိုးရမယ့် ၁၈ နှစ်အထက် လူဦးရေက ၃၆.၉ သန်းရှိပြီးတော့ ထိုးရမယ့်လူဦးရေးရဲ့ ၂၆ ရာခိုင်နှုန်းထိုးနှံပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမြန်မာနိုင်ငံမှာ အကြိမ်ပြည့်ထိုးနှံထားပြီးတဲ့ လူဦးရေက ၉.၇ သန်းရှိပြီလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook