Connect with us

Hi, what are you looking for?

News

ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ဘူတာရုံအပါအဝင် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံ

“တစ်ရက်မက တစ်ပတ်မဟုတ် လများစွာတိုင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသလို နောက်ရက်နောက်ရက်တွေမှာလည်း ပူးပေါင်းပါဝင်ပေးကြပါအုံးလို့ ကျွန်ုပ်တို့ R.T.M အဖွဲ့မှ မေတ္တာရှေ့ထား တောင်းဆိုပါရစေ” လို့ ရေးသားဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေအတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဘူတာရုံအပါအဝင် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံမှု ပြုလုပ်နေကြပါတယ်။

တိုကျိုရောက်မြန်မာတွေ စုဖွဲ့ထားတဲ့ Revolution Tokyo Myanmar(R.T.M) ဟာ Try Together At Japan(TTAJ)အဖွဲ့က ညီအကိုမောင်နှမတွေနဲ့ ပူးပေါင်းပြီး စက်တင်ဘာ ၂၃၊ ၂၅ ရက်တွေမှာ အလှူငွေကောက်ခဲ့ရာမှာ ယန်း ၁၃၀၄၉၈ ရရှိခဲ့တယ်လို့ R.T.M ရဲ့ ဖေ့စ်ဘုတ်စာမျက် နှာကနေကြေညာထားပါတယ်။

“တစ်ရက်မက တစ်ပတ်မဟုတ် လများစွာတိုင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသလို နောက်ရက်နောက်ရက်တွေမှာလည်း ပူးပေါင်းပါဝင်ပေးကြပါအုံးလို့ ကျွန်ုပ်တို့ R.T.M အဖွဲ့မှ မေတ္တာရှေ့ထား တောင်းဆိုပါရစေ” လို့ ရေးသားဖော်ပြပါတယ်။

R.T.M အဖွဲ့ဟာ ကောက်ခံရရှိတဲ့အလှူငွေတွေကို ယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားပြီး မြန်မာပြည်တွင်းလိုအပ်တဲ့နေရာတွေကို လှူဒါန်းမှုပြုလုပ်နေခြင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခြားသောCDMer တွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတယောက်ချင်းတိုက်ရိုက် ကူညီထောက်ပံ့မှုတွေကို စီစစ်ရေးအပိုင်းမှာ အခက်အခဲရှိခြင်းတွေကြောင့် ပြုလုပ်နိုင်ခြင်းမရှိသေးတာကို လွန်စွာအားနာရ တယ်လို့ R.T.M က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

၁၉၄၅ခုနှစ်၊ဩဂုတ်လ ၆ရက်နေ့ကဂျပန်နိုင်ငံ၊ ဟီရီုရှီးမားမြို့ရဲ့ကောင်းကင်မှာB-29 ဗုံးကြဲလေယာဉ် အုပ်စုက ပျံသန်း နေခဲ့ပါတယ်။ အမြင့်ပေသုံးသောင်းတစ်ထောင်ကျော်ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ”ကောင်ကလေး” (Little Boy) ပါလာပါတယ်။

နိုင်ငံတကာ

ဘယ်တုန်းကမှ ဆန်မဝယ်ခဲ့ဖူးဘူးဆိုတဲ့ စကားအမှား တစ်ခွန်းကြောင့် ဂျပန် အစိုးရရဲ့ လယ်ယာလုပ်ငန်း ဝန်ကြီး တာကူ အီတိုဟာ သူ့ရဲ့ ရာထူးကို စွန့်ခွာခဲ့ရပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ မဖွယ်မရာ ပုံရိပ်တွေ ရောင်းစားနေသူ ၄ ဦးကို ဂျပန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ ဂျပန်မှာတော့ အဲဒီလို ကိစ္စမျိုးကို ပထမဆုံးအကြိမ် ဖြိုခွင်းလာမှု ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ အရှေ့အာရှ အင်အားကြီး နိုင်ငံတွေကြားက ပထဝီဝင် နိုင်ငံရေး အရွေ့တစ်ခုအဖြစ် ရှုမြင်ခြင်း ခံနေရပါတယ်။