Connect with us

Hi, what are you looking for?

News

ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ဘူတာရုံအပါအဝင် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံ

“တစ်ရက်မက တစ်ပတ်မဟုတ် လများစွာတိုင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသလို နောက်ရက်နောက်ရက်တွေမှာလည်း ပူးပေါင်းပါဝင်ပေးကြပါအုံးလို့ ကျွန်ုပ်တို့ R.T.M အဖွဲ့မှ မေတ္တာရှေ့ထား တောင်းဆိုပါရစေ” လို့ ရေးသားဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေအတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဘူတာရုံအပါအဝင် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံမှု ပြုလုပ်နေကြပါတယ်။

တိုကျိုရောက်မြန်မာတွေ စုဖွဲ့ထားတဲ့ Revolution Tokyo Myanmar(R.T.M) ဟာ Try Together At Japan(TTAJ)အဖွဲ့က ညီအကိုမောင်နှမတွေနဲ့ ပူးပေါင်းပြီး စက်တင်ဘာ ၂၃၊ ၂၅ ရက်တွေမှာ အလှူငွေကောက်ခဲ့ရာမှာ ယန်း ၁၃၀၄၉၈ ရရှိခဲ့တယ်လို့ R.T.M ရဲ့ ဖေ့စ်ဘုတ်စာမျက် နှာကနေကြေညာထားပါတယ်။

“တစ်ရက်မက တစ်ပတ်မဟုတ် လများစွာတိုင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသလို နောက်ရက်နောက်ရက်တွေမှာလည်း ပူးပေါင်းပါဝင်ပေးကြပါအုံးလို့ ကျွန်ုပ်တို့ R.T.M အဖွဲ့မှ မေတ္တာရှေ့ထား တောင်းဆိုပါရစေ” လို့ ရေးသားဖော်ပြပါတယ်။

R.T.M အဖွဲ့ဟာ ကောက်ခံရရှိတဲ့အလှူငွေတွေကို ယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားပြီး မြန်မာပြည်တွင်းလိုအပ်တဲ့နေရာတွေကို လှူဒါန်းမှုပြုလုပ်နေခြင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခြားသောCDMer တွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတယောက်ချင်းတိုက်ရိုက် ကူညီထောက်ပံ့မှုတွေကို စီစစ်ရေးအပိုင်းမှာ အခက်အခဲရှိခြင်းတွေကြောင့် ပြုလုပ်နိုင်ခြင်းမရှိသေးတာကို လွန်စွာအားနာရ တယ်လို့ R.T.M က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

Facebook