Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက် အခြေယိုင်လာတဲ့အထည်ချုပ်

ကိုဗစ်ရိုက်ခတ်မှုကြောင့်အခြေယိုင်နေတဲ့ပြည်တွင်းအထည်ချုပ်လုပ်ငန်းဟာ စစ်အာဏာသိမ်းမှုကိုပါ ထပ်ကြုံရချိန်မှာ စက်ရုံတွေယာယီပိတ်ရတာအပြင် အပြီးတိုင်ပိတ်သိမ်းရတဲ့အခြေအနေကို ရောက်လာတာပါ။

ဆယ်စုနှစ် တစ်ခုနီးပါး လှိုင်သာယာ စက်မှုဇုန်မှာ လုပ်ငန်းလည်ပတ်နေတဲ့ Myanmar Unique အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယာယီပိတ်လိုက်ရပါတယ်။

ကိုဗစ်ရိုက်ခတ်မှုကြောင့်အခြေယိုင်နေတဲ့ပြည်တွင်းအထည်ချုပ်လုပ်ငန်းဟာ စစ်အာဏာသိမ်းမှုကိုပါ ထပ်ကြုံရချိန်မှာ စက်ရုံတွေယာယီပိတ်ရတာအပြင် အပြီးတိုင်ပိတ်သိမ်းရတဲ့အခြေအနေကို ရောက်လာတာပါ။

Photo – MGMA

“ရှစ်နှစ်လောက်လည်ပတ်ခဲ့တဲ့ ကိုယ်တွေအထည်ချုပ် စက်ရုံကြီး အကြောင်းကြောင်းကြောင့် ဒီနေ့ ၂၁ ရက်ကစပြီး ပိတ်လိုက်ရပါပြီ ” လို့ Myanmar Unique အထည်ချုပ်စက်ရုံ ဝန်ထမ်းတစ်ဦး က စက်ရုံပိတ်လိုက်ရတဲ့အကြောင်း ဖေ့ဘွတ်ခ်မှာ စိတ်မကောင်းစွာအသိပေးထားပါတယ်။

အပ်ထည်နည်းပါးလာတာကြောင့် စက်ရုံကိုယာယီပိတ်ဖို့ ဆုံးဖြတ်ရတာလို့ အဲဒီစက်ရုံတာဝန်ခံက မီဒီယာကို ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

Photo – MGMA

ပြည်ပက အပ်ထည်နည်းပါးတဲ့အကျပ်အတည်းကို ကိုဗစ်ကာ လမှာစကြုံရလို့ လုပ်သား လျော့ချပြီး လုပ်ငန်းလည်ပတ်ခဲ့ပေမယ့် အာဏာသိမ်းအပြီးမှာတော့ ပိတ်သိမ်းရတဲ့အထိဖြစ်လာ တာပါ။

အာဏာသိမ်းနောက်ဆက်တွဲ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်တွေဟာ လူ့အခွင့်အရေးရှုထောင့်ကကြည့်ပြီး မြန်မာနိုင်ငံမှာအထည် အပ်နှံမှုကို ဆိုင်းငံ့လိုက်တာတွေဖြစ်လာပါတယ်။

အဲဒီလို အပ်ထည်အော်ဒါရရှိမှု နည်းပါးတာ၊ ကုန်ကြမ်းမရတာ၊ အာဏာသိမ်းမှု နောက်ဆက်တွဲနိုင်ငံရေးမတည်ငြိမ်မှုအပြင် ဘဏ်စနစ်ယိုယွင်းပြီး ငွေကြေးမလည်ပတ်နိုင်တာတွေက စက်ရုံတွေ ဆက်လက်ရပ်တည်ဖို့ စိန်ခေါ်မှုဖြစ်လာတာပါ။

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ စက်တင်ဘာလ ၁၃ ရက် အထိစာရင်းအရ ကိုဗစ်ကာလကစပြီး ပိတ်သိမ်းရတဲ့စက်ရုံဟာ ၁၃၄ ရုံရှိပြီး ထက်ဝက်ကျော် ဟာ ဒီနှစ်ထဲမှာ ပိတ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံတွေပိတ်သိမ်းတာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ လုပ်သားဦးရေ ဟာ တစ်သိန်းခွဲကျော် ရှိပြီး ဒါဟာအထည်ချုပ်ကဏ္ဍမှာလုပ်ကိုင်နေတဲ့လုပ်သားဦးရေရဲ့ ၂၄ ရာခိုင်နှုန်းကျော်ရှိနေတာပါ။

လက်ရှိမှာစက်ရုံ ၆၀၀ ကျော်လုပ်ငန်းလည်ပတ်နေပေမယ့်လည်းရေရှည်ရပ်တည်ဖို့အကျပ်အတည်း ကြုံနေရတယ်လို့သိရပါတယ်။

သီလဝါစက်မှုဇုန် က အထည်ချုပ် စက်ရုံ တစ်ရုံမှာ လုပ်ကိုင်နေတဲ့ အသက် ၃၂ နှစ်အရွယ် မ ရွှေရည်( အမည်လွှဲ) က သူတို့ရဲ့ စက်ရုံမှာ အပ်ထည်နည်းပါးလို့ အရင်လို အလုပ်ချိန်ပြည့်မဆင်းရ တော့ဘူးလို့ ကြုံတွေ့နေရတဲ့အခြေအနေကိုပြောပြပါတယ်။

“တစ်နေ့ကို ၂ ဆိုင်းနဲ့ ၁ ဆိုင်းကို ၅ နာရီပဲ ဆင်းရတယ် ၊ လစာလည်း အပြည့်မရတော့ဘူး ” လို့ပြောပါတယ်။

လစာအပြည့်အဝမရဘဲ ၆၀ ရာခိုင်နှုန်းရနေပေမယ့် အနာဂတ်အလုပ်အကိုင်အခြေအနေကို စိုးရိမ်နေတယ်လို့ အထည်ချုပ်ဝန်ထမ်း မရွှေရည်ကဖွင့်ဟပါတယ်။

မရွှေရည်စိုးရိမ်သလိုပဲ ဒီနှစ်အကုန်မှာ အထည်ချုပ်လုပ်သား နောက်ထပ် ၂ သိန်း လောက်အ လုပ်လက်မဲ့ဖြစ်ဦးမယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ပြောပြချက်ကို ကိုးကားပြီး Ecotextile မဂ္ဂဇင်းကခန့်မှန်းထားပါတယ်။

ဒီလိုအကျပ်အတည်းတွေ့နေတဲ့အထည်ချုပ်လုပ်ငန်းဟာ ပြည်တွင်းမှာအလုပ်အကိုင်ဖန်တီးပေး ရုံသာမက ပြည်ပ ပို့ကုန်ကဏ္ဍမှာလည်း ဦးဆောင်မှုနေရာကပါခဲ့တာပါ။

အထည်ချုပ်ကဏ္ဍကနေ ပြည်ပကို တင်ပို့ တဲ့ ဝင်ငွေဟာ လက်ရှိဘဏ္ဍာနှစ်ရဲ့ ၈ လအတွင်း (အောက်တိုဘာမှ မေလအထိ) အမေရိကန်ဒေါ်လာ၂ ဒဿမ ၂ ဘီလီယံနီးပါး ရှာဖွေပေးထား နိုင်ပါတယ်။

ဒီပမာဏာဟာ ပြီးခဲ့တဲ့နှစ်ကာလတူ နဲ့နှိုင်းယှဉ်မယ်ဆိုရင်၂၀ရာခိုင်နှုန်းလျော့ကျသွားတာပါ။

မြန်မာနိုင်ငံရဲ့အဝတ်အထည်အော်ဒါမှာယူမှုအများဆုံးနိုင်ငံတွေထဲမှာ ဥရောပသမဂ္ဂနိုင်ငံတွေ၊ အမေရိကန် ၊ ဂျပန် ၊တောင်ကိုရီးယားတို့ပါတာကြောင့် အာဏာသိမ်းစစ်တပ်ကိုစီးပွားရေးအရ အရေးယူခဲ့ရင် အခြေယိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းကို ရိုက်ခတ်လာမှာ စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။