Connect with us

Hi, what are you looking for?

News

မြင်းခြံနှင့် ခင်ဦးတွင် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်မှုရှိ

ပစ်ခတ်မှုဖြစ်ပွားချိန် ဖြတ်သန်းသွားလာသည့် ပြည်သူ ၂ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

မန္တလေးတိုင်း မြင်းခြံမြို့ စွန်းလွန်းတံတား မြောက်ဘက် တံတားအနီး အဝင်၊အထွက် စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်သားများ ထောင်မိုင်းမိခဲ့ပြီး​နောက် စစ်ကောင်စီတပ်နှင့် ပြောက်ကျားအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ပြောက်ကျားအဖွဲ့မှ ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ဦးသေ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားချိန် ဖြတ်သန်းသွားလာသည့် ပြည်သူ ၂ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာ ၂၆ရက် နံနက်ပိုင်း၌ စစ်ကိုင်းတိုင်း ခင်ဦးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်များသည် မှန်တောရွာနှင့် အောင်သာရွာ အကြားသို့ သွားရောက် မွှေနှောက်ပြီး အပြန်လမ်းတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟုဆိုသည်။တိုက်ခိုက်ခံရမှုကြောင့် ကားတစ်စီးမီးလောင်ခဲ့ပြီး အနည်းဆုံး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နမ်ဟူးကျေးရွာ နှင့်မန်ဒေါင် ကြားတွင်လည်း ယနေ့တွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က ပြည်သူလူထုများအား အကြမ်းဖြတ်သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်းဖြစ်စဉ်များကိုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

Facebook