Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့​နယ်တွင် စစ်​ကောင်စီသတင်း​ပေးဟုအမည်ထွက်​နေသူကိုအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွား

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် လှေခုတ်ရွာသို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် လှေခုတ်ရွာတွင် ယမန်နေ့ညက စစ်ကောင်စီသတင်းပေးအမျိုးသားတစ်ဦးကို အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်)ညပိုင်းက ရေစကြိုမြို့နယ် လှေခုတ်ရွာရှိ စစ်ကောင်စီကို သတင်းပေးနေသူဟု ကျော်ဇောနေသည့် အမျိုးသားတစ်ဦး၏ နေအိမ်ကို အဖွဲ့တစ်ခုမှလာရောက်ပစ်ခတ်၍ ဖမ်းဆီးခေါ်ဆောင် သွားပြီး ၎င်း၏သားဖြစ်သူမှာ ပုခုံးကျည်မှန်ဒဏ်ရာရသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် လှေခုတ်ရွာသို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ရွာကလူတွေကို ဖမ်းတာတွေတော့မတွေ့ဘူး။ လှေခုတ်ရွာလူကြီးမိသားစုကိုတော့ စစ်ကောင်စီက လုံခြုံအောင်လို့ ခေါ်သွားတယ်လို့ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသတင်းပေးအား လာရောက်ဖမ်းဆီးသွားသည့်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံများက ဆက်ပြောသည်။

စစ်ကောင်စီတပ်များသည် လှေခုတ်ရွာအနီးသို့ ရောက်ရှိချိန်တွင် လက်နက်ကြီးဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရေစကြိုမြို့နယ် ကမ်းဖြူအုပ်စု ကိုင်းရွာတွင်ရှိသော မိုင်တဲတာဝါတိုင်တစ်တိုင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook