Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ ငါးကြိမ်တိုင် တိုက်ခိုက်ခဲ့ဟု ဂဠုန်တပ်တော်ထုတ်ပြန်

ညနေ ၃နာရီ ၃၅မိနစ်တွင် နောက်ဆုံးယာဥ်တန်းဖြစ်သော နောက်ချန်အင်အား ကားသုံးစီးကို ထပ်မံဖောက်ခွဲခဲ့ရာ ၎င်းတို့၏ 44 အဖြူရောင်တစ်စီးနှင့်အတူ ကားနောက်ပိုင်းထိုင် တပ်သားများ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဂဠုန်တပ်တော်က ဆိုသည်။

People's Spring
People's Spring

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းကာ ယမန်နေ့က ငါးကြိမ်တိတိ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကသတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ဘုတလင်မြို့မှ ရေဦးမြို့သို့ ထွက်ခွာလာသော စစ်တပ်ယာဥ်တန်းအား ဒီပဲယင်းမြို့နယ်၊ လက်ပံကျေးရွာမြောက်ဘက်တွက် တစ်ကြိမ်၊ ဆည်ရေလွှဲမြောင်းဘောင်တွင်တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ကားတစ်စီး လုံးဝပျက်စီး၍ စုစုပေါင်း လေးစီးထိခိုက်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် စိုင်ပြင်ကြီးမြို့ မြောက်ဘက်သို့ ထွက်လာသောရှေ့ပြေးယာဥ်တစ်စီးကိုလည်း မြို့ပြင်မူးဘောင်ထိပ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ညနေ ၃ နာရီ ၃၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့မြောက်ဘက်သို့ ပြည်သူတချို့တင်ဆောင်လာသည့် စစ်ကားတစ်စီးကို ရှေ့ဆုံးထား၍ နောက်မှအမျိုးအစားမတူသော အိမ်စီးကားများ၊ စစ်သုံးယာဥ်ငယ်များညှပ်၍ ပထမအသုတ်ကားတန်းကို ခါးလယ်ပိုင်းမှ မိုင်းခွဲခြောက်လှန့်ခဲ့ပြီး ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ညနေ ၃နာရီ ၃၅မိနစ်တွင် နောက်ဆုံးယာဥ်တန်းဖြစ်သော နောက်ချန်အင်အား ကားသုံးစီးကို ထပ်မံဖောက်ခွဲခဲ့ရာ ၎င်းတို့၏ 44 အဖြူရောင်တစ်စီးနှင့်အတူ ကားနောက်ပိုင်းထိုင် တပ်သားများ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဂဠုန်တပ်တော်က ဆိုသည်။

စစ်ကောင်စီတပ်သည် လယ်ကွင်းများ၊ ခြုံနွယ်များကြား ရှာဖွေမှုများပြုလုပ်ခဲ့ပြီး မြို့တွင်းပြည်သူအချို့ကိုလည်း ဖမ်းဆီးကာ နေပူထဲ၌ ဒူးထောက်လက်မြှောက်ခိုင်းခြင်း၊ ကားကြီးတစ်စီးပေါ်သို့တင်ဆောင်၍ လူသားဒိုင်းအဖြစ် အကာအကွယ်ပြုခြင်း၊ နယ်မြေခံစခန်းအသီးသီးမှ ကားများနှင့်လဲလှယ်အသုံးပြုခြင်း၊ ပြည်သူပိုင်ကားများအသုံးပြုခြင်း တို့ ပြုလုပ်ခဲ့သည်ဟု ဂဠုန်တပ်တော်က ပြည်သူများသို့အသိ့ပေးထားသည်။

ထိရောက်မည့်ပစ်မှတ်အား တိုက်ရိုက်ချေမှုန်းခြင်းဖြစ်သောကြောင့် တခြား နေ့စဥ်ပေါက်ကွဲမှုများမှာ မိမိတို့ ဂဠုန်တပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း၊ အောင်မြင်သော ပျောက်ကျားစစ်ဆင်ရေးတစ်ခုဖြစ်စေရန် သတင်းပေးခြင်း၊ တိုက်ခိုက်မှုဖြစ်ပေါ်လာပါက မိမိနှင့်မိမိ မိသားစုအတွက် လုံခြုံသောနေရာတွင် စိတ်ချရသည်အထိ စောင့်ဆိုင်းနေကြရန် လည်း ပြည်သူများသို့ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook