Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ ငါးကြိမ်တိုင် တိုက်ခိုက်ခဲ့ဟု ဂဠုန်တပ်တော်ထုတ်ပြန်

ညနေ ၃နာရီ ၃၅မိနစ်တွင် နောက်ဆုံးယာဥ်တန်းဖြစ်သော နောက်ချန်အင်အား ကားသုံးစီးကို ထပ်မံဖောက်ခွဲခဲ့ရာ ၎င်းတို့၏ 44 အဖြူရောင်တစ်စီးနှင့်အတူ ကားနောက်ပိုင်းထိုင် တပ်သားများ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဂဠုန်တပ်တော်က ဆိုသည်။

People's Spring
People's Spring

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းကာ ယမန်နေ့က ငါးကြိမ်တိတိ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကသတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ဘုတလင်မြို့မှ ရေဦးမြို့သို့ ထွက်ခွာလာသော စစ်တပ်ယာဥ်တန်းအား ဒီပဲယင်းမြို့နယ်၊ လက်ပံကျေးရွာမြောက်ဘက်တွက် တစ်ကြိမ်၊ ဆည်ရေလွှဲမြောင်းဘောင်တွင်တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ကားတစ်စီး လုံးဝပျက်စီး၍ စုစုပေါင်း လေးစီးထိခိုက်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် စိုင်ပြင်ကြီးမြို့ မြောက်ဘက်သို့ ထွက်လာသောရှေ့ပြေးယာဥ်တစ်စီးကိုလည်း မြို့ပြင်မူးဘောင်ထိပ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ညနေ ၃ နာရီ ၃၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့မြောက်ဘက်သို့ ပြည်သူတချို့တင်ဆောင်လာသည့် စစ်ကားတစ်စီးကို ရှေ့ဆုံးထား၍ နောက်မှအမျိုးအစားမတူသော အိမ်စီးကားများ၊ စစ်သုံးယာဥ်ငယ်များညှပ်၍ ပထမအသုတ်ကားတန်းကို ခါးလယ်ပိုင်းမှ မိုင်းခွဲခြောက်လှန့်ခဲ့ပြီး ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ညနေ ၃နာရီ ၃၅မိနစ်တွင် နောက်ဆုံးယာဥ်တန်းဖြစ်သော နောက်ချန်အင်အား ကားသုံးစီးကို ထပ်မံဖောက်ခွဲခဲ့ရာ ၎င်းတို့၏ 44 အဖြူရောင်တစ်စီးနှင့်အတူ ကားနောက်ပိုင်းထိုင် တပ်သားများ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဂဠုန်တပ်တော်က ဆိုသည်။

စစ်ကောင်စီတပ်သည် လယ်ကွင်းများ၊ ခြုံနွယ်များကြား ရှာဖွေမှုများပြုလုပ်ခဲ့ပြီး မြို့တွင်းပြည်သူအချို့ကိုလည်း ဖမ်းဆီးကာ နေပူထဲ၌ ဒူးထောက်လက်မြှောက်ခိုင်းခြင်း၊ ကားကြီးတစ်စီးပေါ်သို့တင်ဆောင်၍ လူသားဒိုင်းအဖြစ် အကာအကွယ်ပြုခြင်း၊ နယ်မြေခံစခန်းအသီးသီးမှ ကားများနှင့်လဲလှယ်အသုံးပြုခြင်း၊ ပြည်သူပိုင်ကားများအသုံးပြုခြင်း တို့ ပြုလုပ်ခဲ့သည်ဟု ဂဠုန်တပ်တော်က ပြည်သူများသို့အသိ့ပေးထားသည်။

ထိရောက်မည့်ပစ်မှတ်အား တိုက်ရိုက်ချေမှုန်းခြင်းဖြစ်သောကြောင့် တခြား နေ့စဥ်ပေါက်ကွဲမှုများမှာ မိမိတို့ ဂဠုန်တပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း၊ အောင်မြင်သော ပျောက်ကျားစစ်ဆင်ရေးတစ်ခုဖြစ်စေရန် သတင်းပေးခြင်း၊ တိုက်ခိုက်မှုဖြစ်ပေါ်လာပါက မိမိနှင့်မိမိ မိသားစုအတွက် လုံခြုံသောနေရာတွင် စိတ်ချရသည်အထိ စောင့်ဆိုင်းနေကြရန် လည်း ပြည်သူများသို့ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။