Connect with us

Hi, what are you looking for?

LuduNwayOo

News

နေပြည်တော်တွင် ပိုမိုပြင်းထန်သည့် မြို့ပြပျောက်ကြားစစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများကူညီပေးရန်မေတ္တာရပ်ခံ

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် စက်တင်ဘာလ ၃၀ ရက်နေ့
ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

နေပြည်တော်တွင်ပိုမိုပြင်းထန်သည့် မြို့ပြပျောက်ကြားစစ်ဆင်ရေး လှုပ်ရှားမှုများ စတင် ပြုလုပ်တော့မည်ဟု နေပြည်တော် PDF က အသိပေးကြေညာလိုက်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)နှင့်အတူ အခြားသောတော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းပြီး နေပြည်တော်အတွင်းနေရာအနှံ့၌ ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်တော့မည်ဖြစ်ပါသဖြင့် နေအိမ်ရှေ့များတွင် လမ်းဘက်သို့မျက်နှာမူပြီး တပ်ဆင်ထားသော လုံခြုံရေးစီစီတီဗွီကင်မရာများကို ပိတ်ထားပေးပါရန်(သို့မဟုတ်) လမ်းဘက်သို့ မျက်နှာမမူဘဲ အခြားတစ်နေရာသို့ မြင်ကွင်းပြောင်းပြီး ချိန်ရွယ်ထားပြီး ပူးပေါင်းကူညီပေးရန် နေပြည်တော် PDFက ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် အသိပေးသည်။

စစ်ဆင်ရေးပြုလုပ်နေစဥ်အတွင်း မိဘပြည်သူများ အန္တရာယ် ကင်းရှင်းရေးအတွက် NUG၏ ကြိုတင်လမ်းညွှန်ချက်များကို ကြိုလေ့လာထားသင့်ပြီး လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အကူအညီတောင်းခံလာလျှင်လည်း အကူအညီပေးကြပါရန် နေပြည်တော် PDFက မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် စက်တင်ဘာလ ၃၀ ရက်နေ့
ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ဘက်ဆိုင်ရာ ယာဥ်တစ်စီးနှင့် ရုံးအဆောက်အအုံအစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။ ရုံး ဆင်ဝင်အောက် ယာဘက်ခြမ်းရှိ အမြင့်နှစ်ပေခွဲခန့်၊ လုံးပတ်နှစ်ပေခွဲခန့်ရှိ အနီရောင်ပန်းအိုးအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုပေါက်ကွဲမှုဖြစ်စဥ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)နှင့် အမည်မဖော်လိုသည့် တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်သည်ဟု နေပြည်တော် PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။