Connect with us

Hi, what are you looking for?

News

နေပြည်တော်တွင် ပိုမိုပြင်းထန်သည့် မြို့ပြပျောက်ကြားစစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများကူညီပေးရန်မေတ္တာရပ်ခံ

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် စက်တင်ဘာလ ၃၀ ရက်နေ့
ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

နေပြည်တော်တွင်ပိုမိုပြင်းထန်သည့် မြို့ပြပျောက်ကြားစစ်ဆင်ရေး လှုပ်ရှားမှုများ စတင် ပြုလုပ်တော့မည်ဟု နေပြည်တော် PDF က အသိပေးကြေညာလိုက်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)နှင့်အတူ အခြားသောတော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းပြီး နေပြည်တော်အတွင်းနေရာအနှံ့၌ ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်တော့မည်ဖြစ်ပါသဖြင့် နေအိမ်ရှေ့များတွင် လမ်းဘက်သို့မျက်နှာမူပြီး တပ်ဆင်ထားသော လုံခြုံရေးစီစီတီဗွီကင်မရာများကို ပိတ်ထားပေးပါရန်(သို့မဟုတ်) လမ်းဘက်သို့ မျက်နှာမမူဘဲ အခြားတစ်နေရာသို့ မြင်ကွင်းပြောင်းပြီး ချိန်ရွယ်ထားပြီး ပူးပေါင်းကူညီပေးရန် နေပြည်တော် PDFက ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် အသိပေးသည်။

စစ်ဆင်ရေးပြုလုပ်နေစဥ်အတွင်း မိဘပြည်သူများ အန္တရာယ် ကင်းရှင်းရေးအတွက် NUG၏ ကြိုတင်လမ်းညွှန်ချက်များကို ကြိုလေ့လာထားသင့်ပြီး လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အကူအညီတောင်းခံလာလျှင်လည်း အကူအညီပေးကြပါရန် နေပြည်တော် PDFက မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် စက်တင်ဘာလ ၃၀ ရက်နေ့
ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ဘက်ဆိုင်ရာ ယာဥ်တစ်စီးနှင့် ရုံးအဆောက်အအုံအစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။ ရုံး ဆင်ဝင်အောက် ယာဘက်ခြမ်းရှိ အမြင့်နှစ်ပေခွဲခန့်၊ လုံးပတ်နှစ်ပေခွဲခန့်ရှိ အနီရောင်ပန်းအိုးအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုပေါက်ကွဲမှုဖြစ်စဥ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)နှင့် အမည်မဖော်လိုသည့် တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်သည်ဟု နေပြည်တော် PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။