Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီရဲ့ မြန်မာ့အရေးဖြေရှင်းပုံကို အာဆီယံဝန်ကြီးတွေ စိတ်ပျက်နေ၊ ဒီလနှောင်းပိုင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်တက်ရောက်ရေး စိုးရိမ်မိတယ်လို့ နိုင်ငံခြား ရေးဝန်ကြီးတစ်ဦး ထုတ်ပြော

ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာ့အာဏာသိမ်းခေါင်း ဆောင်မင်းအောင်လှိုင်တက်ရောက်ရေးအပေါ် စိုးရိမ်မိတယ်လို့လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ကတိကဝတ်အကောင်အထည်ဖော်မှုအပေါ် အာဆီယံ ဝန်ကြီးတွေက စိတ်ပျက်နေတယ်လို့ Channel News Asia သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာ့အာဏာသိမ်းခေါင်း ဆောင်မင်းအောင်လှိုင်တက်ရောက်ရေးအပေါ် စိုးရိမ်မိတယ်လို့လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့တိုးတက်မှုမရှိပါဘူး။ စစ်တပ်ဟာ အာဆီယံအထူးကိုယ်စားလှယ် ကြိုးစားနေမှုပေါ်ကိုလည်း အပြုသဘောတုံ့ပြန်ဆောင်ရွက်ချက် မရှိပါဘူး” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အဖွဲ့ဝင်နိုင်ငံအများစုက စိတ်ပျက်တယ်လို့ ပြောဆိုကြတယ်။ အချို့နိုင်ငံတွေကတော့ အာဆီယံဟာ ဒီအရေးကိစ္စကို ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ခါတိုင်းလိုပဲ ပြောတယ်”လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးမှာ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တင်ပြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။ စစ်ကောင်စီ(SAC)ကို ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အထူးကိုယ်စားလှယ်က တိုက်တွန်းသွားတယ်လို့ Vivian Balakrishnan က ဆက်ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာ့အရေးတိုးတက်မှုမရှိဘူးဆိုရင် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ SACဥက္ကဌ တက်ရောက်ဖို့ ခက်ခဲလာနိုင်တယ်လို့ တွစ်တာ မှာရေးသားပါတယ်။

ဒါပေမဲ့ မြန်မာ့စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ဖယ်ထုတ်ဖို့ အဆိုတင်သွင်းလာမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိ ရသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။