Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီရဲ့ မြန်မာ့အရေးဖြေရှင်းပုံကို အာဆီယံဝန်ကြီးတွေ စိတ်ပျက်နေ၊ ဒီလနှောင်းပိုင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်တက်ရောက်ရေး စိုးရိမ်မိတယ်လို့ နိုင်ငံခြား ရေးဝန်ကြီးတစ်ဦး ထုတ်ပြော

ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာ့အာဏာသိမ်းခေါင်း ဆောင်မင်းအောင်လှိုင်တက်ရောက်ရေးအပေါ် စိုးရိမ်မိတယ်လို့လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ကတိကဝတ်အကောင်အထည်ဖော်မှုအပေါ် အာဆီယံ ဝန်ကြီးတွေက စိတ်ပျက်နေတယ်လို့ Channel News Asia သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာ့အာဏာသိမ်းခေါင်း ဆောင်မင်းအောင်လှိုင်တက်ရောက်ရေးအပေါ် စိုးရိမ်မိတယ်လို့လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့တိုးတက်မှုမရှိပါဘူး။ စစ်တပ်ဟာ အာဆီယံအထူးကိုယ်စားလှယ် ကြိုးစားနေမှုပေါ်ကိုလည်း အပြုသဘောတုံ့ပြန်ဆောင်ရွက်ချက် မရှိပါဘူး” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အဖွဲ့ဝင်နိုင်ငံအများစုက စိတ်ပျက်တယ်လို့ ပြောဆိုကြတယ်။ အချို့နိုင်ငံတွေကတော့ အာဆီယံဟာ ဒီအရေးကိစ္စကို ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ခါတိုင်းလိုပဲ ပြောတယ်”လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးမှာ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တင်ပြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။ စစ်ကောင်စီ(SAC)ကို ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အထူးကိုယ်စားလှယ်က တိုက်တွန်းသွားတယ်လို့ Vivian Balakrishnan က ဆက်ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာ့အရေးတိုးတက်မှုမရှိဘူးဆိုရင် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ SACဥက္ကဌ တက်ရောက်ဖို့ ခက်ခဲလာနိုင်တယ်လို့ တွစ်တာ မှာရေးသားပါတယ်။

ဒါပေမဲ့ မြန်မာ့စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ဖယ်ထုတ်ဖို့ အဆိုတင်သွင်းလာမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိ ရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook